တရုတ် နှင့် မြန်မာ နှစ်နိုင်ငံ သတင်း မီဒီယာ ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။ တရုတ် ပြည်လုံးဆိုင်ရာ သတင်းစာဆရာ သမဂ္ဂ မှ (Editor-in-chief of Overseas Edition of China Daily) Ms. Zhang Xia ဦးဆောင် သော အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ပြြန်ကားရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဦးပိုက်ထွေးနှင့် တွေ့ဆုံပြီး မြန်မာသတင်း မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် ဆောင်ရွက်နေမှုများ၊ အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် နှစ်နိုင်ငံကြား သတင်း မီဒီယာကဏ္ဍများတွင် ပူးပေါင်းလုပ်ကိုင်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။