အာဆီယံနိုင်ငံများအတွင်း ပြည်ဝင်ခွင့် ဗီဇာ မလိုဘဲ ခရီးသွားလာနိုင်မည့် အစီအစဉ်တရပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောကြားချက်ကို Jakarta Post သတင်းတရပ်၌ ဖော်ပြထားသည်။ ယင်း အစီ အစဉ် ကို လာမည့် နှစ်အတွင်း စတင်ရန်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများနှင့် စမတ်ဗီဆာစနစ် ကျင့်သုံးနိုင်ရေး၊ ဒေသတွင်း ခရီးသွားလာမှု မြှင့်တင်ရေး တို့အတွက် ပြီးခဲ့သည့် ဇွန်လက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ် ဧပြီမှ ၂၀၁၃ မေလအတွင်း ဗီဇာ ထုတ်ပေးခြင်းမှ အမေရိကန်ဒေါ်လာ ၂၉ ဘီလီ ယံ အထိ ရရှိခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။