သတင်းတို
မြန်မာနိုင်ငံတွင်း ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့များ ထောင်ချီ ရှိနေ
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံတွင် ဘာသာရေး အကြမ်းဖက်မှုများနှင့် လူမျိုးရေး ပဋိပက္ခများကြောင့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် လူ ၂၀၀ ခန့် သေဆုံးပြီး လူပေါင်း ထောင်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရကြောင်း၊ ၂၀၁၃ ခုနှစ်၊ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့ ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ပဋိပက္ခကြောင့် လူ ၄၀ သေဆုံးပြီး၊ လူပေါင်း ၁၂၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရကြောင်း ဘီဘီစီ သတင်းတရပ်တွင် ဖော်ပြထားသည်။ ယမန်နေ့ကလည်း သံတွဲမြို့တွင် ဘာသာရေး တင်းမာမှု ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေး တိုးမြှင့်ထားရကြောင်း၊ သြဂုတ်လ ၂၆ ရက် နေ့ကလည်း ရန်ကုန် တောင်ဥက္ကလာ နှင့် ဧရာဝတီ တိုင်း ပန်းတနော်မြို့များတွင် ဘာသာရေး တင်းမာမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်း၌ ပါရှိသည်။