ဘင်္ဂလားဒေ့ရှ်-မြန်မာ တိုက်ရိုက်လေကြောင်း ခရီးစဉ် ပြန်လည် ပြေးဆွဲမည်
This article has been converted from Zawgyi One to Unicode
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာ မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ တိုက်ရိုက်လေကြောင်း ခရီးစဉ် ပြေးဆွဲမှုကို ပြန်လည်စတင်ရန် ယမန် နေ့က သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သည့် ၇ နှစ်ခန့်က ရပ်ဆိုင်းခဲ့သည့် ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း ပြန်လည် ပြေးဆွဲရေးအတွက် ဘင်္ဂလားဒေ့ရှ် လေကြောင်း အာဏာပိုင် ဥက္ကဋ္ဌ Mahmud Hossain နှင့် မြန်မာ့ လေကြောင်း အာဏာ ပိုင်အဖွဲ့ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်း တို့ ပြီးခဲ့သည့် ကြာသပတေးနေ့က သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်သတင်းဌာန bdnews24 က ဖော်ပြထားသည်။ Biman အပါအဝင် လေကြောင်းလိုင်း ၃ လိုင်း ပြေးဆွဲရန် အစီအစဉ်ရှိပြီး တပတ်လျှင် ၇ ကြိမ် ပျံသန်းမည်ဖြစ်ကြောင်း၊ လာမည့် နိုဝင်ဘာလတွင် ပျံသန်းမှုများ စတင်နိုင်မည် ဖြစ်ကြောင်း သိရသည်။