မြန်မာနိုင်ငံ နှင့် တောင်ကိုရီးယား ရုပ်သံလွှင့်ဌာနများ ယဉ်ကျေးမှု ဖလှယ်ဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ရန်ကင်းခန်းမ၌ ကျင်းပကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးရဲထဋ်နှင့် ကိုရီးယား သမ္မတ နိုင်ငံ The Foundation of Broadcast Culture မှ Chairman, Mr.Kim Moon-Hwan၊ အခြားသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကိုရီးယားသမ္မတနိုင်ငံ The Foundation of Broadcast Culture မှ တာဝန်ရှိ သူများ တက်ရောက်ဆွေးနွေးကြကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။