သတင်းတို
ဦးသိန်းစိန် နှင့် တောင်ကိုရီးယား လုံခြုံရေး ဝန်ကြီး တွေ့ဆုံ
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်သည် ကိုရီးယား သမ္မတနိုင်ငံ လုံခြုံရေးနှင့် ပြည်သူ့စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. YOO Jeong Bok နှင့် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံကြောင်း သမ္မတရုံး ဝက်ဆိုက်တွင် ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် ကိုရီးယား ဆမ်ဆောင်းကုမ္ပဏီလာရောက် ရင်းနှီးမြှုပ်နှံရန် ညှိနှိုင်းနေမှု၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ဆက်သွယ်၍ ပညာရေး ကျန်းမာရေး လမ်းပမ်းဆက်သွယ်ရေး လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင် နေမှု၊ ကိုရီးယား ဒုတိယဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးငှားရန် သဘောတူညီမှု၊ မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် ၈ ရပ်ချမှတ်၍ ဆောင်ရွက်နေမှုများ ဆွေးနွေးခဲ့ကြောင်း သိရသည်။