သတင်းတို
ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန် တွေ့ဆုံ
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့သည့် စနေနေ့က နေပြည်တော်၌ အရေးပေါ်တွေ့ဆုံကြောင်း သိရသည်။ လွှွတ်တော်နှင့် အစိုးရအကြား ဥပဒေပြဋ္ဌာန်းမှုပိုင်းတွင် အပြန်အလှန် တင်းတင်းမာမာ သဘော ရှိခဲ့ပြီး ပြီးခဲ့သည့် ပြည်ထောင်စု လွှတ်တော်နောက်ဆုံးရက်တွင်လည်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း က မြေသိမ်းယာသိမ်း ကိစ္စများနှင့်ပတ်သက်၍ အစိုးရက အလျှင်အမြန် ဖြေရှင်းပေးရန် သမ္မတကို စာရေးသား ပေးပို့ခဲ့ပြီးနောက် ယခု ကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း ဗီအိုအေ သတင်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့ လွှတ်တော် ၏ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားသည်။