သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌနှင့် အဖွဲ့အား ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် ဥပဒေကြမ်းများ ရေးဆွဲရာတွင် အမြင်မတူသည်များ ရှိနိုင်သော်လည်း ဒီမိုကရေစီ သဘောအရ အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း၊ မီဒီယာ ဥပဒေသည် နိုင်ငံ၏ သမိုင်းကြောင်း၊ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ တရား များ၏ အဆုံးအမတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သကဲ့သို့ နိုင်ငံတကာ စံများနှင့်လည်း ကိုက်ညီရန် လိုကြောင်း၊ မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် ရာတွင် ဒီမိုကရေစီ စနစ်ကို နှစ်ပေါင်းရာနှင့်ချီ၍ ကျင့်သုံး လာခဲ့သည့် နိုင်ငံများ၏ အခြေအနေကို လေ့လာသကဲ့သို့ အိမ်နီးချင်း နိုင်ငံများ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာရန် လိုကြောင်း၊ မိမိတို့ လိုချင်သည့် မီဒီယာ လောက အခြေအနေ ရောက်ရှိရန် အဆင့်ဆင့် ဆောင်ရွက်ကြရန် လိုကြောင်း၊ ဝန်ကြီးဌာန များမှ သတင်း အချက်အလက်များ လျင်လျင်မြန်မြန် ရရှိရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။