သတင်းတို

နမ်ဘီးယား ရခိုင်ပြည်နယ် သွားရောက်

This article has been converted from Zawgyi One to Unicode

မြန်မာ နိုင်ငံကို ရောက်ရှိ နေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာ သည် ရခိုင် ပြည်နယ် စစ်တွေမြို့သို့ သွားရောက်ကြောင်း သိရသည်။ ယခု ရခိုင် ခရီးစဉ်သည် ဒုတိယ အကြိမ်ဖြစ်ပြီး ဒုက္ခသည်များကို ကြည့်ရှုခဲ့ကြောင်း ယမန်နေ့က ဘီဘီစီ သတင်းတွင် ပါရှိသည်။ သြဂုတ် ၂၅ ရက်နေ့က မြန်မာပြည်ရောက် ရှိလာသည့် ခရီးစဉ် အတွင်း ၎င်းသည် ကေအိုင်အို ဥက္ကဋ္ဌ အပါအဝင် ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့တွင် လည်း ဘာသာရေး ခေါင်းဆောင်များနှင့် သြဂုတ် ၂၈ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Loading