သတင်းတို

ဂျပန် ဖူဂျီ လျှပ်စစ် ကုမ္ပဏီ ရန်ကုန်တွင် ရုံးခွဲဖွင့်

This article has been converted from Zawgyi One to Unicode

ဂျပန် ဖူဂျီ လျှပ်စစ် ကုမ္ပဏီ(Fuji Electric Co.) က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ တနင်္လာနေ့က ရုံးခွဲ ဖွင့်လှစ်လိုက်ကြောင်း သတင်း ရသည်။ ထိုသို့ ရုံးဖွင့်လှစ်နိုင်ရန် ဇူလိုင်လကတည်းက စတင်ခဲ့ကြောင်း၊ လျှပ်စစ် ပစ္စည်း ဆိုင်ရာ ဈေးကွက် လေ့လာရေး၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရေးနှင့် ပြည်တွင်း လုပ်ငန်း ရှင်များနှင့် ပူးပေါင်း လုပ်ကိုင်ရေးများကို ဆောင်ရွက်မည် ဖြစ်ကြောင်း Japan Times သတင်းတွင် ဖော်ပြထားသည်။ ဖူဂျီ ကုမ္ပဏီသည် ရေအားလျှပ်စစ် ကဲ့သို့သော လျှပ်စစ် စွမ်းအား လုပ်ငန်းများ လုပ်ကိုင်ရန်လည်း ရှိသည်ဟု ဆိုသည်။

Loading