မြန်မာနှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် ငွေကြေး ထောက်ပံ့ခြင်းများ ပူးပေါင်းတိုက်ဖျက်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထာားသည်။ ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်နေ့က တရားမဝင်သော နည်း လမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေး၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန် တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် နှစ်နိုင်ငံတာဝန်ရှိသူများ နားလည်မှု စာချွန်လွှာ လက်မှတ် ထိုးသည်။ မြန်မာနိုင်ငံမှ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်း ရေး တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးမြိုင်နှင့် တောင်ကိုရီးယား ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့ခေါင်းဆောင် Mr.Woong-Seob ZHIN တို့ လက်မှတ်ရေးထိုးကြောင်း သိရသည်။ မြန်မာ နိုင်ငံသည် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။