သမ္မတ ဦးသိန်းစိန် တရုတ် ဝန်ကြီးချုပ် နှင့် တွေ့ဆုံ ဆွေးနွေး
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ သို့ တက်ရောက် ရန် ယမန်နေ့က သွားရောက်ရာ တရုတ် ဝန်ကြီးချုပ် မစ္စတာ လီကာကျန်းနှင့် တွေ့ဆုံကြောင်း သိရသည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဘက်စုံ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး၊ မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးတို့ကို ဆွေးနွေးကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ ဦးသိန်းစိန်သည် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး သို့လည်း တက်ရောက် မည် ဖြစ်ကြောင်း၊ နန်နင်းမြို့တွင် ယမန်နေ့က တရုတ် ကွန်မြူနစ်ပါတီ ကွမ်ရှီးပြည်သူ့ ကွန်ဂရက် အတွင်းရေးမှူး Mr. Peng Qinghua နှင့်လည်း တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသ အကြား လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ လေကြောင်း လိုင်းများ အပြန်အလှန်ပြေးဆွဲရေးနှင့် ဘက်စုံပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။