သတင်းတို
ရန်ကုန်-ကျိုက်ထို အထူးအမြန် ရထား ခရီးစဉ် ပြေးဆွဲမည်
This article has been converted from Zawgyi One to Unicode
ရန်ကုန်-ကျိုက်ထို အစုန်အဆန် ပြေးဆွဲမည့် အထူးအမြန်ရထား ခရီးစဉ်များကို စက်တင်ဘာ ၇ ရက်နေ့မှ စတင်မည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ယင်း အဆင့်မြင့် အဲကွန်းတပ် အမြန်ရထား ခရီးစဉ်သည် ပဲခူး၊ ဝေါ၊ သိမ်ဖြူဇရပ် စသည့် ဘူတာ ၃ ခု၌သာ ရပ်နားမည်ဖြစ်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ပြေးဆွဲမည် ဖြစ်ကြောင်း၊ ဆေး လိပ်သောက်ခြင်းကို လုံးဝခွင့် မပြုကြောင်း၊ ပြည်တွင်းခရီးသည်များအတွက် ရန်ကုန်-ပဲခူး ၁၇၀၀ ကျပ်၊ ရန်ကုန်-ဝေါ ၂၃၀၀ ကျပ်၊ ရန်ကုန်-သိမ်ဖြူဇရပ် ၂၈၀၀ ကျပ်နှင့် ရန်ကုန်-ကျိုက်ထို ၃၅၀၀ ကျပ်ဖြစ်ပြီး နိုင်ငံခြားသားများ အတွက် ၎င်း ဘူတာစဉ် အတိုင်း ၅ ဒေါ်လာ၊ ၇ ဒေါ်လာ၊ ၈ ဒေါ်လာနှင့် ၁၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။