တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပနေသော တရုတ်-အာဆီယံ ၁၀ ကြိမ်မြောက် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီများလည်း ပါဝင် ပြသကြောင်း သိရသည်။ ပုဂ္ဂလိက ကဏ္ဍမှ အဖွဲ့ဝင်ပေါင်း ၂၅၀ ၊ ပြခန်းပေါင်း ၈၄ ခန်း ပါဝင်ပြသခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က ပြောဆိုကြောင်း အစိုးရ သတင်းစာများက ဆိုသည်။ ယင်း ကုန် စည် ပြပွဲတွင် ယမန်နေ့က ကျင်းပသည့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးသို့ သမ္မတ ဦးသိန်းစိန် တက်ရောက်ကြောင်း သိရသည်။ စက်တင်ဘာ ၂ ရက်နေ့ကလည်း တရုတ် ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။