သတင်းတို

မလေးရှားတွင် မြန်မာ ၅၀၀ ကျော် ဖမ်းဆီးခံရ

This article has been converted from Zawgyi One to Unicode

မလေးရှားနိုင်ငံတွင်း တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးသည့် စီမံချက် အရ စက်တင်ဘာ ၁ ရက်က ဖမ်းဆီးမှုများ ပြုလုပ်ရာ မြန်မာ နိုင်ငံသား ၅၅၅ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ နေရာပေါင်း ၅၀ ၌ တပြိုင်တည်း ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်သည့် အတွက် နိုင်ငံခြားသား ၈၁၀၅ ဦး ဖမ်းဆီးခံရကြောင်း၊ ထိုစာရင်းမှ ၂၄၃၃ ဦးသည် တရားဝင် စာရွက်စာတမ်း မပြည့်စုံသူများ(အိုဗာစတေးများ) ဖြစ်ကြောင်း၊ ၂၄၃၃ ဦးထဲတွင် မြန်မာနိုင်ငံသား ၅၅၅ ဦး ပါဝင်ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြထားသည်။ အိုဗာစတေးဖြင့် ဖမ်းဆီးခံရသည့် နိုင်ငံခြားသားများတွင် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တရုတ်၊ နိုင်ဂျီးရီးယား နှင့် ထိုင်းနိုင်ငံသားများ ပါဝင်ကြောင်းလည်း သိရသည်။

Loading