သတင်းတို

ရခိုင်ပြည်နယ် တရားသူကြီး ဒေါ်စီစီကို လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီ စစ်ဆေး

This article has been converted from Zawgyi One to Unicode

အာဏာအလွဲသုံးစားမှု၊ လာဘ်ငွေယူမှုများဖြင့် ရခိုင်ပြည်နယ် တရားသူကြီး ဒေါ်စီစီအား ပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။ ကျပ် သိန်းပေါင်း ၄၃၀၀ ကျော် လိမ်လည်မှုတခု၌ လာဘ်ငွေယူကာ ယင်းအမှုကို ပယ်ချခဲ့ကြောင်း၊ အဆိုပါကိစ္စအား စက်တင်ဘာ ၂ ရက်နေ့မှ အောက်တိုဘာ ၁၆ ရက်နေ့အထိ စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ဘီဘီစီ သတင်းတရပ်တွင် ဖော်ပြထားသည်။ ကော်မတီ၏ တွေ့ရှိချက်များကို လွှတ်တော် ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ က လက်ခံပါက ပုဒ်မ ၃၁၁ အရ ဒေါ်စီစီ ရာထူးမှ ဖြုတ်ချ ခံရနိုင်သည်ဟု ဆိုသည်။

Loading