သတင်းတို

အိန္ဒိယက ရခိုင်ဒေသအတွက် ဒေါ်လာ ၁ သန်း ကူညီမည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် ပြီးခဲ့သည့် နှစ်ပိုင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ပျက်စီးသွားသည့် ကျောင်း ၁၀ ကျောင်း ပြန်လည် ဆောက်လုပ်ရန် အိန္ဒိယက မြန်မာကို အမေရိကန် ဒေါ်လာ ၁ သန်း အကူအညီပေးမည်ဖြစ်ကြောင်း Press Trust of India သတင်းတရပ်၌ ဖော်ပြထားသည်။ ယင်းသို့ ပေးအပ်ခြင်းသည် ဒေသတွင်း ရခိုင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များ အကြား သည်းခံမှု၊ အပြန်အလှန် နားလည်မှုနှင့် ပြန်လည်သင့်မြတ်ရေး တို့အတွက် ရည်ရွယ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး Salman Khurshid မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်စဉ် မြန်မာ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ကျောက်တော်နှင် မင်းပြား မြို့နယ်များတွင် မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများ ဆောက်လုပ်ရေး အကူအညီတောင်းခံခဲ့ကြောင်း၊ ယခုကဲ့သို့ အကူအညီများ ပေးအပ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ အနောက်ဘက်ပိုင်း ပြည်နယ်နှင့် အိန္ဒိယ၏ အရှေ့ဘက်ပိုင်းရှိ ပြည်နယ်များ အပြန်အလှန် နားလည်ပူးပေါင်းနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Loading