လောင်စာဆီချွေတာရေး လှုပ်ရှားမှု အဖြစ် လာမည့်စက်တင်ဘာ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကိုယ်ပိုင်ယာဉ်များ မသုံးစွဲရနေ့ (Car Free Day) သတ်မှတ်ကျင်းပမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ Car Free Day လှုပ် ရှားမှုဖြင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု သက်သာစေမည် ဖြစ်ကြောင်း၊ ရန်ကုန်မြစ်၊ ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်း အတွင်းပိုင်းရှိ မြို့နယ်များတွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကန့်သတ်သွားမည် ဖြစ်ကြောင်း၊ နံပါတ်အနက် တပ်ဆင်ထားသည့် ကိုယ်ပိုင် ယာဉ်များကို ကန့်သတ်သွားမည် ဖြစ်ပြီး နံပါတ် အနီ၊ အဝါ၊ အဖြူ၊ အပြာ အရောင်များ တပ်ဆင်ထားသည့် ယာဉ်များကိုမူ ခွင့်ပြု သွားမည် ဖြစ်ကြောင်း သိရသည်။ ယခင်က Dry Day အဖြစ် ဌာနဆိုင်ရာ ယာဉ်များ မသုံးစွဲရနေ့ အဖြစ် တလ ၂ ကြိမ် သတ် မှတ် လုပ်ဆောင်ခဲ့ကြောင်း၊ ယခု Car Free Day ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။