သတင်းတို

ထိုင်းနှင့် မြန်မာ သတင်းစာ ဆရာများ တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ သတင်းစာ ဆရာ အသင်း(TJA) နှင့် မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်း(MJA) တို့ ယမန်နေ့က တွေ့ဆုံ၍ သဘော တူညီ မှုများ ပြုလုပ်ကြကြောင်း သတင်းရသည်။ ထိုင်းနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော MJA ခေါင်းဆောင် ဦးအောင်လှထွန်း နှင့် TJA အကြီးအကဲ Pradit Ruangdit တို့က နှစ်နိုင်ငံ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယာဉ်ကျေးမှု ဆိုင်ရာများကို ဆက်သွယ်ဖလှယ်မှုများ ပြုလုပ်ရန် သဘောတူ လက်မှတ်ထိုးကြသည်ဟု ဘန်ကောက်ပို့စ် သတင်း၌ ယနေ့ ဖော်ပြထားသည်။ နှစ်စဉ်တွေ့ဆုံ ဖလှယ်မှုများ ပြုလုပ်မည် ဟုလည်း သိရသည်။

Loading