မြန်မာ နှင့် အာဆီယံ ၅ နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ မလိုဘဲ အပြန်အလှန် သွားလာနိုင်ရန် စီစဉ်နေကြောင်း သတင်းရသည်။ ယင်း အာဆီယံ ၅ နိုင်ငံမှာ လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ထိုင်းနိုင်ငံများ ဖြစ်ပြီး ၂၀၁၄ တွင် သွားလာနိုင်ရန် သဘောတူ ညီချက်များ ဆောင်ရွက်လျက်ရှိသည် ဟူသော နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောကြားချက်ကို ကိုးကား၍ Yangon Media Group ၏ သတင်းတပုဒ်၌ ဖော်ပြထားသည်။ နိုင်ငံကူးလက်မှတ် သက်သက်ဖြင့် သွားလာနိုင်သည့် ဗီဇာ ကင်းလွတ် နေထိုင်ခွင့် ရက်ပေါင်း မည်မျှ သတ်မှတ်မည် နှင့် အခြားသော စည်းကမ်းချက် အသေးစိတ်များကိုမူ မသိရရှိရပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။