သတင်းတို

ဗီဇာ သက်တမ်းလွန် မြန်မာ အလုပ်သမားများ နေရပ်ပြန် ဥပဒေ ပြင်ဆင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံရှိ ဗီဇာ သက်တမ်း ၄ နှစ်ကျော်နေသည့် မြန်မာ အလုပ်သမားများ ၃ နှစ် နေရပ်ပြန်ရမည်ဟူသော ထိုင်း ဥပဒေကို နှစ်နိုင်ငံ တာဝန်ရှိသူများက ပြင်ဆင် ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့က ကျင်းပသော ထိုင်းနှင့် မြန်မာ အစိုးရ အဆင့် အစည်းအဝေး၌ ထိုင်း ဥပဒေပါ ၃ နှစ် နေရပ် ပြန်ရမည် ဟူသည့် စကားရပ် အစား “ကာလ ကန့်သတ်ချက် မထား” ဟူ သည့် စကားရပ်ဖြင့် အစားထိုး ပြင်ဆင်ရန် သဘောတူ လိုက်သည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး က ပြောသည်။ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများ ကိုင်ဆောင်ရသော ယာယီ နိုင်ငံကူး လက်မှတ် သက်တမ်းမှာ ၆ နှစ် ဖြစ်ပြီး ဗီဇာ သက် တမ်းမှာ ၄ နှစ်ဖြစ်သည်။ ထိုင်း လဝက ဥပဒေအရ ဗီဇာ သက်တမ်း ၄ နှစ် ကျော်လွန်နေသူများသည် ၃ နှစ် နေရပ် ပြန်ရမည်ဟု ယခင်က ပြဌာန်းထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading