သတင်းတို
မလေးရှား ကုန်စည်ပြပွဲ ကျင်းပ
This article has been converted from Zawgyi One to Unicode
မလေးရှား ကုန်စည်ပြပွဲ Showcase Malaysia 2013 ကို စက်တင်ဘာ ၅ ရက်မှ ၈ ရက် အထိ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယင်း ကုန်စည်ပြပွဲကို Malaysia External Trade Development Corporation (MAT – RADE) က ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ် ပစ္စည်းများ၊ အိမ်သုံး ကုန်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများကို ပြခန်း ၆၆ ခန်းဖြင့် ပြသထားကြောင်း သိရသည်။