သတင်းတို

သရေခေတ္တရာ မြို့ဟောင်းကို စစ်ဆေးတော့မည်

This article has been converted from Zawgyi One to Unicode

ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းထားသည့် သရေခေတ္တရာ မြို့ဟောင်းကို အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ် အဆောက် အအုံများနှင့် နေရာဒေသများ ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး အဖွဲ့ (ICOMOS) က အောက်တိုဘာ လတွင် လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ အစောဆုံး တည်ထောင် ခဲ့သော ဟန်ဟင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စသည့် ပျူခေတ်မြို့ဟောင်း ၃ မြို့ကို ကမ္ဘာ့ အမွေအနှစ်စာရင်း သွင်းရန် ကမ္ဘာ့အမွေအနှစ် ဗဟိုဌာနသို့ ပေးပို့ခဲ့ကြောင်း၊ စာရင်းဝင် ဖြစ် မဖြစ်ကို ၂၀၁၄ ခုနှစ် ဇွန်လတွင် ကျင်းပမည့် ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံ၌ ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

Loading