သမ္မတဦးသိန်းစိန်သည် ဂျပန် အောက်လွှတ်တော် အမတ်နှင့် ဂျပန်-မြန်မာ ပါလီမန် အမတ်များ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ Mr. Ichiro Aisawa နှင့် ယမန်နေ့က တွေ့ဆုံကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာရေး၊ TB ၊ HIV နှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေး အပါအဝင် ကျန်း မာ ရေး ကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်ရေး၊ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် ဂျပန်နိုင်ငံက ကူညီပေးရေးနှင့် သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။ Mr. Ichiro Aisawa သည် ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်လည်း တွေ့ဆုံပြီး ဂျပန်-မြန်မာ ပါလီမန်အမတ်များ ချစ်ကြည်ရေးအသင်း ဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။