ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနက ပြည်တွင်း၌ ဂျာနယ် ထုတ်ဝေရန် ခွင့်ပြုချက် ရရှိကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် သောကြာနေ့က တရားဝင် မှတ်ပုံတင်ရာ ထုတ်ဝေခွင့်ရရှိကြောင်း၊ ယင်းဂျာနယ်ကို တောင်ကြီးမြို့တွင် အခြေစိုက် ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။ တိုင်းရင်းသား သတင်းဌာန တခု ဖြစ်သည့် ရှမ်းသံတော်ဆင့် သတင်းဌာန သည် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ တွင် စတင် တည်ထောင်ခဲ့ပြီး ရှမ်း၊ မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း၊ တရုတ် ဘာသာ ၅ မျိုးဖြင့် အင်တာ နက် ဝက်ဘ် ဆိုက်မှ ထုတ်ဝေနေခြင်း ဖြစ်သည်။ တိုင်းရင်းသား သတင်းဌာန ၁၂ ခုဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာ သတင်း(BNI) အဖွဲ့ဝင်လည်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။