ကုန်သွယ်မှုပြုသည့် ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ်ကုန်သွယ်မှု စခန်းများနှင့် နေရာအသီးသီး၌ တရားမဝင် ကုန်သွယ် မှုများ ပြုလုပ်နေခြင်းများကို စက်တင်ဘာ ၁၆ ရက်မှ စတင်၍ အရေးယူတော့မည် ဖြစ်ကြောင်း သိရသည်။ ပို့ကုန်သွင်းကုန် ဥပဒေ ၂၀၁၂ နှင့် အခြား တည်ဆဲဥပဒေများဖြင့် အရေးယူမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ ကန့်သတ် တားမြစ် ပိတ်ပင်ထားသည့် ကုန်ပစ္စည်းများကို တင်ပို့ခြင်း၊ တင်သွင်းခြင်းများ၊ ခွင့်ပြုချက် ရယူရန် သတ်မှတ်ထားသော ကုန် ပစ္စည်းများကို ခွင့်ပြုချက် မရယူဘဲ တင်ပို့ တင်သွင်းခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးယူမည် ဖြစ်ကြောင်း၊ တင်ပို့ တင်သွင်းခြင်း ဆိုင်ရာ အလွဲ၊ အမှား၊ အပိုများ စစ်ဆေး တွေ့ရှိပါကလည်း ပင်လယ်ကြောင်း အကောက်ခွန် ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။