သတင်းတို
ဦးသိန်းစိန် မြောက် ကိုရီးယား အမျိုးသားနေ့ သဝဏ်လွှာ ပေးပို့
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၉ ရက်တွင် ကျရောက်သော မြောက် ကိုရီးယား နိုင်ငံ၏ ၆၅ နှစ် မြောက် အမျိုးသားနေ့သို့ သဝဏ်လွှာ ပေးပို့သည်။ မြောက် ကိုရီးယား အလုပ်သမားပါတီ ပထမအတွင်းရေးမှူး အမျိုးသား ကာကွယ်ရေး ကော်မရှင် ပထမ ဥက္ကဋ္ဌနှင့် ကိုရီးယား ပြည်သူ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မစ္စတာ ကင်ဂျုံအွန်းထံသို့ လည်းကောင်း၊ ဗဟိုပြည်သူ့လွှတ်တော် သဘာပတိအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ကင်ယုံနမ် ထံသို့လည်းကောင်း၊ ဝန်ကြီးချုပ် မစ္စတာ ပတ်ပုန်ဂျူး ထံသို့ လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ကြောင်း ယနေ့ထုတ် အစိုးရ သတင်စာများတွင် ဖော်ပြထားသည်။ အလားတူ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း မြောက် ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးသို့ သဝဏ်လွှာ ပေးပို့သည်။