သတင်းတို

အရှေ့တီမော နိုင်ငံ ဝန်ကြီးချုပ် မြန်မာပြည်လာမည်

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ အရှေ့တီမော(Timor-Leste) နိုင်ငံ ဝန်ကြီးချုပ် နှင့် ကာကွယ်ရေးနှင့် လုံခြုံရေး ဝန်ကြီး မစ္စတာ ကေ ရာလာ ဇာနာနာဂူစ်အိုနှင့် ဇနီး မြန်မာနိုင်ငံသို့ မကြာမီ ကာလအတွင်း လာရောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ လာရောက်မည့် နေ့ရက်နှင့်အစီအစဉ် အသေးစိတ်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ မြန်မာနှင့် အရှေ့တီမော နိုင်ငံတို့သည် ၂၀၀၆ ခုနှစ် စက်တင်ဘာမှ စ၍ သံအဆက်အသွယ် ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်က မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဉာဏ်ဝင်း သွားရောက်ခဲ့ဖူးကြောင်း သိရသည်။

Loading