၉၆၉ အမှတ်တံဆိပ် သုံး၍ ဘာသာရေး လှုပ်ရှားမှု ပြုလုပ်ခြင်းသည် စည်းမျဉ်းဥပဒေနှင့် ညီညွတ်ခြင်း မရှိဟု သံဃ နာယက အဖွဲ့က ထုတ်ပြန်ကြောင်း သိရသည်။ ဇူလိုင် ၁၅ ရက်တွင် ကျင်းပသည့် သတ္တမအကြိမ် နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့ ၄၇ ပါးစုံညီ ဒုတိယ အစည်းအဝေးက ၉၆၉ နှင့်ပတ်သက်ပြီး နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့ စည်းမျဉ်းဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း ထုတ်ပြန်သည်ဟု 7 Day သတင်းစာ၌ ယနေ့ဖော်ပြထားသည်။ ၉၆၉ သာသနပါလက ဂဃဝါစကနှင့် သံဃာ့ကွန်ရက် အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်နေမှုသည် သံဃနာယက အဖွဲ့ စည်းမျဉ်းနှင့် လုပ်ထုံး လုပ်နည်း အခန်း ၂၊ အပိုဒ် ၄၊ ၅၊ ၈ အရ လည်းကောင်း၊ သံဃနာယက အဖွဲ့အစည်း ဆိုင်ရာ ဥပဒေအခန်း ၂၊ အပိုဒ် ၃၊ ၅ နှင့် အခန်း ၃၊ အပိုဒ် ၈၊ ၉ တို့ အရလည်းကောင်း၊ ညွှန်ကြားလွှာ ၈၁ အရလည်းကောင်း ၉၆၉ ကဲ့သို့သော အဖွဲ့များ ဖွဲ့စည်းခွင့် မရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။