သတင်းတို

ခွင့်ပြုမဲ့ အဆောက်အအုံကိစ္စ စာနယ်ဇင်းရှင်းလင်းပွဲ လုပ်မည်

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့တော် စည်ပင်သာယာနယ် နိမိတ် အတွင်း မရမ်းကုန်း၊ လှိုင်နှင့် သင်္ဃန်းကျွန်းမြို့နယ် သုံးမြို့နယ်တို့တွင် စည်ပင် သာ ယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အဆောက်အအုံများ အများဆုံး ဆောက် လုပ်ထားသည့် အဆောက်အအုံများနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာနယ် နိမိတ် ၃၃ မြို့နယ်အနက် အဆိုပါ မြို့နယ်တွင် ခွင့်ပြုမဲ့ ဆောက်လုပ်ထားမှု ၄၀၀ ကျော် တွေ့ရကြောင်း၊ ယင်း ဆောက်လုပ်မှုများတွင် အကြီးစား ပြင်ဆင်ခြင်း၊ အသစ် တည်ဆောက်ခြင်း၊ ဝင်းထရံပြန်လည်ပြုပြင်ခြင်း၊ အသေးစား ပြုပြင်ခြင်းများပါဝင်ကြောင်း သိရသည်။ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်မည့် နေ့ရက် အစီ အစဉ်များကိုမူ ဖော်ပြထားခြင်း မရှိပေ။

Loading