သတင်းတို

နယ်စပ် ကုန်သွယ်ရေး ၅ လအတွင်း ဒေါ်လာ ၁.၈ ဘီလီယံကျော် ရရှိ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးသည် ပြီးခဲ့သည့် ဧပြီလမှ သြဂုတ်လ အထိ ၅ လအတွင်း အမေရိကန် ဒေါ်လာ ၁ . ၈၈၁ ဘီလီယံ ရရှိကြောင်း သိရသည်။ ယင်း ရရှိငွေသည် ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာရေး နှစ်အတွက် ဖြစ်ပြီး ပို့ကုန် တန်ဖိုးမှာ ဒေါ်လာ ၁.၁၇၁ ဘီလီယံ၊ သွင်းကုန် တန်ဖိုးမှာ ဒေါ်လာ သန်း ၇၁၀ ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေါ်လာ ၄၆၁ သန်း ပိုလာကြောင်း ဆင်ဟွာ သတင်း တပုဒ်က ဖော်ပြသည်။ ယခုကဲ့သို့ ကာလတူတွင် ယမန်နှစ်ကထက်  ဒေါ်လာ ၃၉၁ သန်း ပိုမို ရရှိခဲ့သည်ဟုလည်း ဆိုသည်။

Loading