သတင်းတို

ဒေါ်အောင်ဆန်းစုကြည် ပိုလန်နိုင်ငံ ရောက်ရှိ

This article has been converted from Zawgyi One to Unicode

အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပိုလန်နိုင်ငံ၊ ဝါဆောမြို့သို့ရောက်ရှိပြီး ပိုလန် အောက်လွှတ်တော်ဥက္ကဋ္ဌ Ms Ewa Kopcz၊ အထက်လွှတ်တော်ဥက္ကဋ္ဌ Mr.Bogdan Borusewicz တို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ ယနေ့တွင် ပိုလန်သမ္မတ Bronislaw Komorowaki နှင့်တွေ့ဆုံမည်ဖြစ်ပြီး  ဝါဆောတက္ကသိုလ်တွင် ပညာရေး နှင့် နိုင်ငံရေး ဆက်နွယ်သော ဟောပြောချက် ပို့ချမည်ဖြစ်ကြောင်း အမေရိကန် အခြေစိုက် ဗီအိုအေ မြန်မာပိုင်း သတင်း ဌာန၏ သတင်း ဖော်ပြချက်အရ သိရှိရသည်။

Loading