သတင်းတို

ANA လေကြောင်းလိုင်းက ရန်ကုန်-တိုကျို ခရီးစဉ် နေ့စဉ် ပြေးဆွဲမည်

This article has been converted from Zawgyi One to Unicode

ဂျပန်နိုင်ငံ အခြေစိုက် All Nippon Air Ways (ANA) လေကြောင်းလိုင်းသည် စက်တင်ဘာ ၃၀ ရက်နေ့မှစ၍ ရန်ကုန်-တိုကျို ခရီးစဉ် နေ့စဉ်ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်ကို Boeing 767-300 ER လေယာဉ်ကြီးများဖြင့် ပျံသန်းမည် ဖြစ်ကြောင်း၊ ယခင်က တပတ် ၃ ကြိမ် Business Flight လေယာဉ်ငယ်များဖြင့်သာ ရန်ကုန်-တိုကျို ခရီးစဉ် ပျံသန်းပြေးဆွဲခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ၏ ဖော်ပြချက်အရ သိရှိရသည်။

Loading