တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံမှ အထက်လွှတ်တော် အမတ်ဟောင်း လည်းဖြစ် ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌလည်းဖြစ်သူ Mr. Hideo Watanabe နှင့် ယမန်နေ့က နေပြည်တော် တွင် တွေ့ဆုံကြောင်း သိရှိရသည်။ တွေ့ဆုံပွဲတွင် ၂ နိုင်ငံ အစိုးရ နှင့် တပ်မတော် ၂ ရပ် အကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက် ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ကိစ္စများ ဆွေးနွေးကြ ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၏ ဖော်ပြချက် အရ သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။