သတင်းတို
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အမေရိကန် နှင့် မြန်မာ ဆွေးနွေး
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ အပူပိုင်းဒေသများ၊ ရေလွှမ်းမိုးသော ဒေသများနှင့် နယ်စပ်ဒေသ များဖွံ့ဖြိုးရေး၊ မွေးမြူရေး နှင့် အသားထွက်ကုန် ထုတ်လုပ်မှုတွင် အမေရိကန် နည်းပညာနှင့် အတွေ့အကြုံများ မျှဝေရေး အပါအဝင် အကူအညီပေးရေး ကိစ္စများအတွက် မွေးမြူရေး ဝန်ကြီး ဦးအုန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။