ဆွီဒင်နိုင်ငံ အခြေစိုက် ကမ္ဘာ့ရေကြောင်း ပညာတက္ကသိုလ် (World Maritime University – WMU)နှင့် မြန်မာနိုင်ငံရှိ ရေကြောင်း ပညာတက္ကသိုလ် ၂ ခု ပူးပေါင်းပြီး စီမံခန့်ခွဲမှု နှင့် နည်းပညာ ဆိုင်ရာများ ပူးပေါင်း သင်ကြားရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ် ၂ ခု အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး ခြင်းကို စက်တင်ဘာလ ၁၅ ရက် နေ့ ဆီဒိုးနား ဟိုတယ် တွင် ကျင်းပခဲ့ပြီး ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင် နှင့် ကမ္ဘာ့ ရေကြောင်း ပညာ တက္ကသိုလ် ဥက္ကဋ္ဌ Dr. Bjorn Kjerfve တို့လက်မှတ်ရေထိုးကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။