သတင်းတို
မြန်မာ့ ငါးသယံဇာတ သုတေသန စီမံကိန်း NORAD နှင့် EAF ကူညီ
This article has been converted from Zawgyi One to Unicode
နော်ဝေနိုင်ငံ Norwegian Agency For Development Coorporation (NORAD) နှင့် EAF-Nansen က မြန်မာ့ ပင်လယ်ပြင် ရှိ ငါးသယံဇာတ အခြေအနေ နှင့် ပတ်သက်ပြီး လာမည့် နိုဝင်ဘာ ၁၃ မှ ဒီဇင်ဘာ ၁၉ အထိ ၃၈ ရက်ကြာ သုတေသန ပြု ဆောင်ရွက်မည် ဖြစ်ပြီး ယင်း သုတေသလုပ်ငန်း အတွက် အမေရိကန်ဒေါ်လာ ၅ သိန်းကျော် အကုန် အကျ ခံဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရခိုင် ကမ်းရိုးတန်းနှင့် ဧရာဝတီ မြစ်ကျွန်းပေါ် ဒေသတွင် သုတေသန စီမံကိန်း လုပ်ဆောင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌက ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာသို့ ပြောဆိုလိုက်သည်။