• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြစ်ရေတိုးမှုကြောင့် ဧရာဝတီတံတား အောက်မှ သင်္ဘောများ သွားလာခွင့်ပိတ်ပင်

by မန်းသားလေး
18 September 2013
in သတင်း
A A
ဧရာဝတီ, မြစ်ရေ, သွားလာခွင့်ပိတ်

ဧရာဝတီမြစ်ကူး စစ်ကိုင်းတံတားနှင့် ရတနာပုံတံတားကိုတွေ့ရစဉ် (ဓာတ်ပုံ - pk-bloglist.blogspot.com)

2.7k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီ မြစ်ရေ မြင့်တက်ပြီး စိုးရိမ်ရေမှတ် ကျော်လွန်လာမှုကြောင့် မန္တလေးမြို့နှင့်စစ်ကိုင်းမြို့တို့ကို ဆက်သွယ် ထားသော ဧရာဝတီ မြစ်ကူး တံတားအောက်မှ အမြင့် ၃၃ ပေ အထက်ရှိသော သင်္ဘောများ သွားလာခွင့် ယနေ့ စတင် ပိတ်ပင် လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် အထက်တွင် တည်ရှိနေပြီး ဧရာဝတီမြစ်ရေ နှင့် ဧရာဝတီမြစ်ကူး တံတား ထိစပ်ရန် ၃၆ ပေသာ ကွာဟမှုရှိတော့သဖြင့် သင်္ဘောသွားလာခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး မြစ်ကူးတံတားအောက်မှ ဖြတ်သန်း သွား လာ မည့် ကုန်တင် နှင့်ခရီးသည်တင် သင်္ဘောအများစုမှာ ကျောက်ချရပ်နားနေကြကြောင်း သိရှိရသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
641
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
681

မန္တလေးအခြေစိုက် Tour Mandalay ကုမ္ပဏီမှ တာဝန်ရှိသူတဦးက သက်ဆိုင်ရာ၏ ပိတ်ပင်မှုကြောင့် ကမ္ဘာလှည့် ခရီးသည်များ အတွက် ဧရာဝတီ မြစ်ကြောင်းတွင် ရှုခင်းများ လှည့်လည်ကြည့်ရှုရန် ပြေးဆွဲ ပေးနေသော သင်္ဘောကို ရပ်နား ထားကြောင်း ဧရာဝတီသို့ပြောသည်။

အလားတူ ဧရာဝတီမြစ်ရေတိုးမှုကြောင့် တောင်သမန်အင်းအတွင်းတွင်လည်း ရေမျက်နှာပြင်တွင် မြင့်တက်လျက်ရှိပြီး ဦးပိန်တံတားနှင့် အင်းရေ ထိစပ်ရန် ၂ ပေ သာလိုတော့ကြောင်း၊ လတ်တလော ဦးပိန်တံတားပေါ်တွင် သွားလာခွင့် ခွင့်ပြုထားဆဲ ဖြစ်သော်လည်း အန္တရာယ် မဖြစ်စေရန် အတွက် သက်ဆိုင်ရာက စောင့်ကြပ် လျက်ရှိကြောင်း သိရှိရသည်။

“ဦးပိန်တံတားကို သွားလာခွင့်ပိတ်လို့တော့ မဖြစ်သေးပါဘူး။ ဒီတံတားကို အဓိက အားထားပြီး သွားလာ နေရ တာပါ။၂၀၀၄ခုနှစ်က ရေက ဒီတံတားပေါ်ရောက်တဲ့အပြင် ၂ပေ ကျော်လောက် မြှုပ်ခဲ့တယ်။ ဒီနှစ်က အဲဒီလောက် မဆိုးသေးပါဘူး။ ရေက ခုဆို နည်းနည်း ပြန်ကျသွားပြီ” ဟု အမရပူရမြို့နယ် တောင်သမန်ကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးခင်ဇော်က ပြောသည်။

ဧရာဝတီ မြစ်ရေ နှင့် ဒုဋ္ဌဝတီမြစ်ရေတိုးမှုကြောင့် မန္တလေး ခရိုင်နှင့်ကျောက်ဆည်ခရိုင်တွင် ရေဘေးဒုက္ခများ ကြုံတွေ့ ခံစားနေရသူ လူဦးရေ ၃ သောင်းကျော်ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မန္တလေးတိုင်းပြန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက “ရေဝင်တဲ့ဒေသတွေက လူတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးမှူး တွေကိုယ်တိုင် ကွင်းဆင်းပြီး ဆေးကုနေပါတယ်။ နောက်ပိုင်း ရေပြန်ထွက်သွားရင်လည်း နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ ဝမ်းပျက်၊ ဝမ်းလျောတာမျိုးတွေ မဖြစ်ပေါ်အောင် လုပ်ဆောင်သွားမှာပါ” ဟု ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။

ဧရာဝတီမြစ်ရေတိုးမှုကြောင့် မန္တလေးတိုင်းအတွင်းရှိ ပုသိမ်ကြီးမြို့နယ်တွင် ကျေးရွာပေါင်း ၂၀ ရေကြီးမှုကြုံတွေ့ရနေပြီး လူဦးရေ ၁၅၃ ဦး ရေဘေးဒုက္ခ ခံစားနေရကာ စာသင်ကျောင်း ၂ ခု ရေနစ်မြှုပ်လျက်ရှိကြောင်း၊ အမရပူရ မြို့နယ်တွင်မူ ကျေးရွာပေါင်း ၁၆ရွာမှ လူဦးရေ ၂သောင်းကျော် ရေဘေး ဒုက္ခ ခံစားနေရပြီး ဒုဋ္ဌဝတီမြစ်ရေ တိုးမှုကြောင့် ကျောက်ဆည် ခရိုင် စဉ့်ကိုင်မြို့ရှိ ကျေးရွာပေါင်း ၁၁ရွာမှ လူဦးရေ ၁၁၀၀၀ ရေဘေးဒုက္ခ ခံစားနေရကြောင်း သိရှိရသည်။

ဧရာဝတီမြစ်ရေသည် လာမည့် ၂ ရက်အတွင်း စိုးရိမ် ရေမှတ်အောက် ကျဆင်းသွားနိုင်ဖွယ်ရှိသော်လည်း ဒုဋ္ဌဝတီမြစ်ရေ သည် စိုးရိမ်ရေမှတ်တွင်ပင် ဆက်လက်တည်ရှိနိုင်ကြောင်း၊ ၂၀၀၄ ခုနှစ်အတွင်း မြစ်ရေတိုးမှုကို အဆိုးရွားဆုံး ခံစားခဲ့ရ ကြောင်း သက်ဆိုင်ရာ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

Your Thoughts …
Tags: FloodMandalayWeather
မန်းသားလေး

မန်းသားလေး

Contributor

Similar Picks:

မန္တလေးရောက် စစ်ရှောင်တို့ နေရေးစားရေး အခက်ကြုံ

မန္တလေးရောက် စစ်ရှောင်တို့ နေရေးစားရေး အခက်ကြုံ

by ဧရာဝတီ
23 July 2024
1.5k

စစ်ရှောင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရှားပါးနေသလို အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် နေ့စဉ့် စားသောက်ရေးအတွက် အခက်အခဲများပါ ရင်ဆိုင်နေရသည့်အပြင် အချို့အိမ်ရှင်များက စစ်ရှောင် ငှားရမ်းနေထိုင်မှုကို လက်မခံကြကြောင်း

မတ္တရာ စစ်ရေးအခြေအနေ ပြင်းထန်နေ (ရုပ်/သံ)

မတ္တရာ စစ်ရေးအခြေအနေ ပြင်းထန်နေ (ရုပ်/သံ)

by ဧရာဝတီ
12 October 2024
1.2k

မန္တလေးတိုင်း၊ မတ္တရာမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား စစ်ရေး အခြေအနေ ပြင်းထန်နေပါတယ်။

မန္တလေး လုံခြုံရေးအခြေအနေ စစ်ခေါင်းဆောင် စိုးရိမ် (ရုပ်/သံ)

မန္တလေး လုံခြုံရေးအခြေအနေ စစ်ခေါင်းဆောင် စိုးရိမ် (ရုပ်/သံ)

by ယဉ်မွန်
28 August 2024
1.1k

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ခံစစ်ပြင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ မန္တလေးမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့ ၂၆ ရက်နေ့တွေမှာသွားရောက်ခဲ့ပါတယ်။

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
440

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ဟာ အင်အားပြင်း ငလျင်ကြောင့် လူနေအဆောက်အဦတွေ၊ သာသနိက အဆောက်အဦတွေ၊ နံရံတံတိုင်းတွေနဲ့ လမ်းတွေ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ပြီး ပြိုပျက်နေတဲ့ အဆောက်အဦတွေအောက်မှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကိုလည်း မတ်လ ၃၁ ရက်နေ့အထိ ထိရောက်တဲ့ ကယ်ဆယ်ရေးတွေ...

မန္တလေး လပခ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ(ရုပ်/သံ)

မန္တလေး လပခ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ(ရုပ်/သံ)

by ယဉ်မွန်
3 September 2024
435

မန္တလေးတိုင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် (လပခ) ကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူက ဧရာဝတီကို အတည်ပြုပါတယ်။

Next Post
အာဏာသိမ်းမှု ၂၅ နှစ်ပြည့်, တပ်မတော်, ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

အာဏာသိမ်းမှု ၂၅ နှစ်ပြည့်ချိန် နိုင်ငံရေးအာဏာ စစ်တပ်က ချုပ်ကိုင်ထားဆဲ

ဆင်ခြေထောက် ရောဂါ, ရန်ကုန်တိုင်း, ကျန်းမာရေး

ဆေးသောက်သူ ၆၅ ရာခိုင်နှုန်း ရှိမှ ဆင်ခြေထောက် ရောဂါ ကူးစက်မှု ကာကွယ်နိုင်မည်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate