• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

အာဏာသိမ်းမှု ၂၅ နှစ်ပြည့်ချိန် နိုင်ငံရေးအာဏာ စစ်တပ်က ချုပ်ကိုင်ထားဆဲ

by ထက်နိုင်ဇော်
18 September 2013
in Military
A A
အာဏာသိမ်းမှု ၂၅ နှစ်ပြည့်, တပ်မတော်, ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

၆၈ နှစ်မြောက် တပ်မတော်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်မှ စစ်ကြောင်းများအား လိုက်လံစစ်ဆေးနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

5.6k
VIEWS
Share on FacebookShare on Twitter

၈လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှု အရေးတော်ပုံကို အကြမ်းဖက် နှိမ်နင်းပြီး စစ်တပ် အာဏာသိမ်းခဲ့မှုသည် ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ တွင် ၂၅ နှစ်ပြည့် မြောက်ပြီ ဖြစ်သော်လည်း မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ သြဇာ ကြီးမား နေဆဲဖြစ်ပြီး နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားဆဲဟု ဆိုနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ် ပြောဆိုသည်။

စစ်အစိုးရက၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အမည်ခံ အစိုးရ အဖွဲ့ ထံသို့ အာဏာ လွှဲပြောင်းပေးခဲ့သော်လည်း လက်ရှိ အချိန်အထိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံရေးတွင် စစ်တပ် ၏ အခန်း ကဏ္ဍ အလွန် အရေးကြီးပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် စစ်တပ်မပါဘဲ မလုပ်နိုင်သော အခြေအနေ ရှိနေကြောင်း၊ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အမျိုးသားနိုင်ငံရေးကို တပ်မတော်က ဦးဆောင်မည် ဟူသော ပြဋ္ဌာန်းချက်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တရားဝင်အာဏာသိမ်းနိုင်သည်ဆိုသော ပြဋ္ဌာန်းချက်၊
လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို တရားဝင် ထည့်သွင်းထားသော ပြဋ္ဌာန်းချက်များကြောင့် စစ်တပ်သည် နိုင်ငံရေး အာဏာကို ချုပ်ကိုင်ထားဆဲဟု ဆိုနိုင်ကြောင်း နိုင်ငံရေးသမားများက ဆိုကြသည်။

RelatedPosts

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

16 June 2025
92
ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

16 June 2025
46
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
37

တပ်မတော်ကို နိုင်ငံရေးလောကမှ မောင်းထုတ်ပြီး စစ်တန်းလျားသို့ ဥပဒေဖြင့် ပြန်မပို့နိုင်သမျှ ကာလပတ်လုံး စစ်တပ်၏ သြဇာမှာ ကြီးမား အရေးပါနေဦးမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တပ်မတော်ကိုယ်တိုင် နိုင်ငံရေးမှ ဆုတ်ခွာ မှသာလျှင် စစ်တပ်၏ အခန်းကဏ္ဍကို လျော့ချနိုင်မည်ဖြစ်ပြီး အခြားနည်းလမ်းမရှိကြောင်း ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင် က ဧရာဝတီသို့ပြောသည်။

“စစ်တပ်ကို နိုင်ငံရေးထဲက ဆွဲထုတ်ဖို့က ဒီလွှတ်တော်ကလည်း မလုပ်နိုင်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကလည်း မပြင်နိုင်သေးဘူး ဆိုတော့ စစ်တပ်က သူ့ဘာသာသူ နိုင်ငံရေးက ဆုတ်ချင်မှပဲ ဖြစ်မယ်။ တခြားနည်းနဲ့ မရှိသေးဘူး”ဟု
ဦးဝင်းတင်က ဆိုသည်။

စစ်တပ်က နိုင်ငံရေးတွင် ပါဝင်နေသေးသရွေ့ ၈၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ အောင်မြင်သည်ဟု မပြောနိုင်ကြောင်း ၊ လက်နက်ကိုင်များ၏ စစ်ဦးစီးချုပ်မှာ ပြည်သူလူထုက ရွှေးချယ်တင်မြှောက်သော သမ္မတ သို့မဟုတ်
ဝန်ကြီးချုပ်သာလျှင် ဖြစ်ရမည် ဖြစ်ကြောင်း၊ တပ်မတော်ကို ပြည်သူလူထု၏ အုပ်ချုပ်မှုအောက်သို့ မထည့်နိုင်သမျှ ကာလ ပတ်လုံး ဒီမိုကရေစီကို အားကောင်းသောတိုင်းပြည် မဖြစ်နိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပြောသည်။

“အရပ်သားအုပ်ချုပ်မှုအောက်မှာပဲ စစ်တပ်က ရှိသင့်တယ်။ ကျနော်တို့ ၈၈ လေးလုံး ဒီမိုကရေစီတိုက်ပွဲလုပ်ခဲ့တာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်အောင်လို့ပါ။ ပြည်သူက မရွေးဘဲ လွှတ်တော်ထဲကို ဝင်လာတဲ့သူတွေ ရှိနေရင် ဒီတိုင်းပြည်က ဒီမိုကရေစီ တိုင်းပြည် ဖြစ်မှာ မဟုတ်ဘူး”ဟု ကိုဂျင်မီက ပြောသည်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် ဦးခွန်ထွန်းဦးက နိုင်ငံတော် အာဏာသိမ်းခဲ့သော စစ်တပ်၏ အုပ်ချုပ်ရေးတွင် မကျွမ်းကျင်ခဲ့မှုကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာအလယ်တွင် နိမ့်ကျဆင်းရဲသော နိုင်ငံဖြစ်နေရကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးမှုတွင် စစ်တပ်၏ အခန်းကဏ္ဍမှာ လွန်စွာ အရေးပါကြောင်း၊ စစ်တပ် ကူညီပါဝင်မှသာလျှင် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“စစ်တပ်က နိုင်ငံရေးမှာ ပါချင်တော့ သမိုင်းပေးတာဝန်လိုလို တိုင်းပြည်ကိုချောက်ထဲကျမှာဆိုးလို့ ကယ်တင်သလိုလို ပြောတယ်။ နိုင်ငံရေးမှာတပ်မတော် မလိုပေမယ့် ငြိမ်းချမ်းရေးကိစ္စတွေမှာတော့ သူ့ကို လိုတယ်။ သူပါမှ ငြိမ်းချမ်းရေးက ရမှာ။ အခုငြိမ်းချမ်းရေး မရတော့ တိုင်းပြည်က ရှေ့ဆက်သွားလို့မရဘူး ဖြစ်နေတယ်”ဟု ဦးခွန်ထွန်းဦးက ပြောသည်။

အငြိမ်းစားဗိုလ်မှူးကြီးတဦးဖြစ်သူ ဦးနိုင်ရဲဇော်က စစ်တပ်အာဏာသိမ်းမှုသည် တိုင်းပြည်အခြေအနေများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပြီး အရည်အချင်းပြည့်ဝသော နိုင်ငံရေးသမားများ ပေါ်ပေါက်လာမှသာ စစ်တပ်သည် နိုင်ငံရေးမှ ဆုတ်ခွာလိမ့်မည်ဟု သုံးသပ်ပြောဆိုသည်။

“နိုင်ငံရေးသမားတွေ စွမ်းဆောင်နိုင်လို့ အသားစီးရသွားရင် တပ်မတော်က နိုင်ငံရေးသမားတွေ နောက်ကို လိုက်သွားလိမ့်မယ်။ နိုင်ငံရေးသမားဆိုတာ စွမ်းဆောင်နိုင်ရမယ်။ စည်းရုံးနိုင်ရမယ်။ နိုင်ငံရေးသမားတွေ
ခေါင်းဆောင်နိုင်လာရင် တပ်မတော်သမားတွေ ခေါင်းထောင်လာစရာ မရှိတော့ဘူး။ အဲဒီအခါကျရင် တပ်မတော်က နိုင်ငံရေးသမားတွေနောက်ကို လိုက်လာလိမ့်မယ်”ဟု ဗိုလ်မှူးကြီးဟောင်းဦးနိုင်ရဲဇော်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ် ဗိုလ်ကြီးဟောင်း တဦး လည်းဖြစ်သူ ဦးဝင်းထိန်က သမ္မတဦးသိန်းစိန်၏အာဏာသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် သက်ရောက်မှု မရှိဘဲ လက်ရှိအချိန်အထိ စစ်တပ်အာဏာသိမ်းခံနေရဆဲဟု ဆိုနိုင်ကြောင်း ပြောဆိုသည်။

“တပ်က သြဇာကြီးတယ် ဆိုတာက ဥပဒေပြုရေးမှာလည်း ၂၅ ရာခိုင်နှုန်း ပါတယ်။ သမ္မတက ကချင်စစ်ပွဲမှာ ထိုးစစ်တွေ ရပ်ခိုင်း တာ ပြောပြီးမကြာဘူး တိုက်ပွဲတွေ ဖြစ်တယ်ဆိုတော့ ကာကွယ်ရေး ဦးစီးချုပ်က ဂရုမစိုက်ဘူး ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်´´ ဟု ဧရာဝတီသို့ပြောသည်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လတွင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ဖော်ဆောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စနစ်ကို ပြည်သူလူထုက ၈လေးဒီမိုကရေစီ အရေးတော်ပုံဖြင့် တော်လှန် ဖြုတ်ချနိုင်ခဲ့သော်လည်း စက်တင်ဘာလ ၁၈ ရက်နေ့တွင်မူ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က မတရားရယူ အာဏာသိမ်းခဲ့သည်။

Your Thoughts …
Tags: Army
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်တပ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ တွေ့ရှိ (ရုပ်/သံ)

စစ်တပ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ တွေ့ရှိ (ရုပ်/သံ)

by ဘုန်းအောင်
14 August 2024
352

နိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်က စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ အထောက်အထား အမြောက်အမြား တွေ့ရှိထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်တိုင်းမှူးနှင့် တပ်မမှူးများ ပြောင်းရွှေ့

စစ်တိုင်းမှူးနှင့် တပ်မမှူးများ ပြောင်းရွှေ့

by ရန်ပိုင်
6 September 2012
20k

“တချို့က ငြိမ်းချမ်းရေး အတွက်လို့ ထင်တယ်၊ မဟုတ်ပါဘူး၊ တိုက်ပွဲမှာ အကျအဆုံးများရင် ရည်မှန်းချက်ကို မသိမ်းနိုင်ဘူးဆိုရင် ဒီလိုပဲ အပြောင်းအရွှေ့ လုပ်ကြတာပါပဲ”

အမျိုးသမီး ဗိုလ်လောင်း, တပ်မတော်

အမျိုးသမီး ဗိုလ်လောင်း ၁၀၀ ခန့် ခေါ်ယူမည်ဟု စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ပြော

by မေစစ်ပိုင်
17 October 2013
8k

သင်တန်း အောင်မြင်ပါက ဒုတိယဗိုလ် အဆင့်ဖြင့် လည်းကောင်း ၊ မဟာဘွဲ့ ၊ ပါရဂူဘွဲ့ရအမျိုးသမီးများ သင်တန်း အောင်မြင် ပါက ဗိုလ်အဆင့်ဖြင့် စတင် ခန့်အပ်ခံရမည် ဖြစ်ပြီး နောက်ပိုင်းတွင် တပ်မတော် ရာထူး ခန့်ထားရေး...

ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်

ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်

by မေခ
16 May 2013
28.5k

အောင်ပြည့်စုံ ဆိုတဲ့ နာမည်နဲ့ ဘီ်းလင်းမြို့အ၀င်မှာ ထမင်း၊ ဟင်းနဲ့ တခြား စားသောက်စရာတွေ ရောင်းချနေတဲ့ ဦးလွန်းမောင်ရဲ့ ဆိုင်ကို ကြည့်လိုက်တာနဲ့ ရင်းနှီးထားတဲ့ ပမာဏ မနည်းလောက်ဘူး ဆိုတာ ဘယ်သူမဆို ခန့်မှန်းနိုင်ပါတယ်။

ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး

ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး

by ထက်နိုင်ဇော်
26 July 2013
12.3k

ဗိုလ်ချုပ် စိုးရှိန်ဆိုသူက တပည့် ၄ ဦးဖြင့် ၀င်ရောက်လာပြီး ၎င်း၏ ပစ္စတို သေနတ်ကိုထုတ်၍ ယာမြေထဲမှ မထွက်ပေးပါက ပစ်သတ်မည်ဟု အော်ဟစ် ခြိမ်းခြောက်ခဲ့

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က, သိမ်းဆည်းမြေ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိမ်းဆည်းမြေဧက ၃ သောင်းကျော် ပြန်ပေး

by မေခ
27 September 2013
7.9k

တပ်သိမ်းမြေတွေနဲ့ ပတ်သက်ပြီး အပိုင်း ၃ပိုင်း ပြောလို့ရပါတယ်။ အခု ဧက ၃သောင်း ကျော် ကတော့ လုံးဝ အရှင်း ပေးလို့ ရတာပေါ့။ နောက်တခုက တစိတ်တဒေသ ပေးလို့ရတယ်။ နောက်ကတော့ လုံခြုံရေး အရ...

Next Post
ဆင်ခြေထောက် ရောဂါ, ရန်ကုန်တိုင်း, ကျန်းမာရေး

ဆေးသောက်သူ ၆၅ ရာခိုင်နှုန်း ရှိမှ ဆင်ခြေထောက် ရောဂါ ကူးစက်မှု ကာကွယ်နိုင်မည်

ပင်လုံ, ဗိုလ်ချုပ်အောင်ဆန်း, တိုင်းရင်းသား

အမေ့ခံ ပင်လုံမြေ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate