သတင်း

လူပြောများနေတဲ့ ဗီဒီယိုဖိုင် ဆီဒိုးနား စုံစမ်းစစ်ဆေးနေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

Facebook နှင့် အင်တာနက် ဝက်ဘ်ဆိုက်များပေါ်တွင် ဟိုတယ်ခန်းတခုအတွင်း၌ လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးထားသော ဗီဒီယို ဖိုင်များ ပျံ့နှံ့ သွားပြီးနောက် ရန်ကုန်မြို့၏ အဆင့်မြင့် ဟိုတယ်ကြီးတခုတွင် ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အဖြူအမဲဖြင့် ရိုတ်ကူးထားသော မှုန်ဝါးဝါး ဗီဒီယိုဖိုင်များသည် အွန်လိုင်း ဘလော့ဂ်များနှင့် လူမှုကွန်ရက်များ ပေါ်သို့ ကြာသပတေးနေ့တွင် ရောက်လာခဲ့ပြီး ဗီဒီယိုထဲတွင် ရမ္မက်ထန်နေသော စုံတွဲတတွဲကို ဟိုတယ်ခန်းတခုထဲ၌ မြင်တွေ့ ကြရသည်။

ဆီဒိုးနား ဟိုတယ်တွင် ရိုက်ကူးထားခြင်း ဖြစ်ကြောင်းလည်း အင်တာနက်ပေါ်တွင် ရေးသား ဖော်ပြခဲ့ ကြသည်။ အဆိုပါ ဗီဒီယိုကို အင်တာနက်ပေါ်တွင် မျှဝေသူ များပြားခဲ့ပြီး ပြည်တွင်း မီဒီယာများကလည်း သတင်းအဖြစ်ရေးသား တင်ပြခဲ့ ကြသည်။ ထိုနည်းတူပင် ဟိုတယ်တွင် တည်းခိုကြသူများ၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ဖောက်ဖျက်သကဲ့သို့ ဖြစ်နေခြင်း အတွက် စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လာခဲ့သည်။

ဟိုတယ်၏ မည်သည့် အခန်းတွင် အဆိုပါ ဗီဒီယို ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ကို ဟိုတယ် တာဝန်ရှိသူများက စစ်ဆေးစုံစမ်း နေကြသည်ဟု ရန်ကုန် ဆီဒိုးနား ဟိုတယ်၏ ဧည့်ကြိုဌာန ဝန်ထမ်းတဦးက ပြောသည်။

“ဒီ ဗီဒီယို ဖိုင်တွေကို ကျမတို့ ဟိုတယ်မှာ ရိုတ်ကူးခဲ့တာ ဟုတ်မဟုတ် စုံစမ်း စစ်ဆေးနေပါတယ်။ ပြည်သူကို အသိပေး နိုင်ဖို့ အတွက် သတင်းစာ ရှင်းလင်းပွဲတခုကိုလည်း တတ်နိုင်သမျှ အမြန်ဆုံးလုပ်ပေးပါမယ်” ဟု အဆိုပါ ဧည့်ကြိုဝန်ထမ်း အမျိုးသမီးက ဆိုသည်။

သူ့အနေဖြင့် သတင်းထောက်များနှင့် ပြောဆိုခွင့်မရှိ၍ အမည်ကို ဖော်ပြခြင်း မပြုရန်လည်း မေတ္တာရပ်ခံခဲ့သည်။

ဟိုတယ်တွင် ကြာသပတေးနေ့က အရေးပေါ် အစည်းအဝေးတခု ပြုလုပ်ခဲ့သည်ဟု သူကပြောသည်။ ဧည့်သည် ဝင်ရောက်မှု အခြေအနေမှာလည်း ပုံမှန် အတိုင်းပင် ဖြစ်ကြောင်းလည်း သူက ထပ်ပြောသည်။ ဆီဒိုးနား ဟိုတယ်ကို စင်ကာပူ အခြေစိုက် Kepple Land ကုမ္ပဏီက ပိုင်ဆိုင်သည်ဟု သိရသည်။

“ကျမ အခု ပြောနိုင်တာကတော့ ကျမတို့ စစ်ဆေးနေပါတယ် ဆိုတာပါပဲ” ဟု ဧည့်ကြို ဝန်ထမ်း အမျိုးသမီးကပြောသည်။

ဆီဒိုးနား ဟိုတယ်၏ ဝက်ဘ်ဆိုက်ကို ဟက်ကာများက ဖောက်ထွင်း ဝင်ရောက်ရာမှ ဗီဒီယို ဖိုင်များ ရရှိသွားပြီး အင်တာနက် ပေါ်တွင် ပျံ့နှံ့သွားခြင်း ဖြစ်သည် ဆိုသည့် ကောလာဟလများကို ဟိုတယ်လုံခြုံရေး ဝန်ထမ်းတဦးက ငြင်းဆိုလိုက်သည်ဟု မြန်မာ ဘာသာဖြင့် ထုတ်ဝေသည့် Elven နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည် ကိုလည်း တွေ့ရသည်။

ဟိုတယ်၏ အခန်းတခန်းတွင် လျှို့ဝှက် ကင်မရာတပ်ဆင်၍ ရိုတ်ကူးထားခြင်း ဖြစ်နိုင်သော်လည်း ဟိုတယ်က တပ်ဆင် ထားခြင်း မဟုတ်ဟု အဆိုပါ လုံခြုံရေး ဝန်ထမ်းက ပြောကြောင်း Elven နေ့စဉ်သတင်းစာတွင် ရေးသားထားသည်။

ရန်ကုန်မြို့ ရှိ ကြော်ငြာ ကုမ္ပဏီတခုမှ ဆက်ဆံရေး အရာရှိဖြစ်သူ ကိုစိုးသူရက ဗီဒီယိုဖိုင်သည် ဟိုတယ်ကို သိက္ခာချရန် အတွက် အတုအယောင် ပြုလုပ်ထားခြင်း ဖြစ်နိုင်သည်ဟု ဧရာဝတီသို့ ပြောသည်။

“အဲဒီ ဗီဒီယို ဖိုင်တင်ထားတယ် ဆိုတဲ့ ဝက်ဘ်ဆိုက် တချို့ကို ကျနော် လိုက်ကြည့်ပြီးသွားပြီ။ အားလုံးက အတုတွေပါ။ ဟိုတယ်ထဲမှာ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု သူက ပြောသည်။

ထို့အပြင် ဗီဒီယို ထဲမှာ ပါဝင်ခဲ့သူများသည် မည်သူ ဖြစ်နိုင်ကြောင်း ကိုလည်း ခန့်မှန်းမှု အမျိုးမျိုး ဖြစ်စေခဲ့သည်။ ယခင် ကလည်း ရုပ်ရှင်နှင့် ဂီတ လောကမှ ထင်ရှားသူတချို့၏ ညစ်ညမ်းဗီဒီယိုများ အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့ဖူးသည်။

သို့သော်လည်း Facebook ပုံမှန်သုံးစွဲသူ တဦးဖြစ်သော ကိုသူရက ထိုဗီဒီယိုကို သူကြည့်၍ မရဟု ဆိုသည်။

“ဖိုင်အရွယ်အစားက အရမ်းကြီးတယ်။ ဒေါင်းလုပ်ချဖို့တောင် အဆင်မပြေဘူး။ ဗီဒီယိုတွေက ၁၀ နာရီကြာတယ်တဲ့။ ကျနော်တို့ ဆီက နာမည်ကြီး တချို့လည်း ပါတယ်လို့ ကြားရတာပဲ” ဟု သူက ပြောသည်။

ဖောက်ထွင်းခံခဲ့ရသည် ဆိုသော ဟိုတယ်၏ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုသည့် အခါတွင်လည်း ပြင်ဆင်ထိန်းသိမ်းမှု ပြုလုပ်နေသဖြင့် ခေတ္တ ရပ်ဆိုင်းထားကြောင်း တွေ့ကြရသည်။ Facebook ပေါ်တွင် အစောဆုံးနီးပါး ဖော်ပြခဲ့သည်ဟု ယူဆရသည့် စာမျက်နှာ တခုကလည်း Google Drive မှ Link တခု တင်ပေးထားပြီး အရင်ဆုံး တောင်းဆိုသူ များကိုသာ ဗီဒီယိုဖိုင် ကူးယူခွင့်ပြုမည်ဟု ရေးသားခဲ့သည့် အတွက် အင်တာနက် သုံးစွဲသူများ အကြားတွင် စိတ်ဝင်စားမှုများ ပိုမို မြင့်တက် ခဲ့ရခြင်းလည်း ဖြစ်သည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကျော်ဆုမွန်၏ Rangoon’s Sedona Hotel Investigating Alleged Secret-Camera Footage ကို နိုင်မင်းသွင် ဆီလျော်အောင်ပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading