သတင်း

ကလေးအလုပ်သမား ကိစ္စ ILO နှင့် သဘောတူ စာချုပ် ချုပ်ဆိုမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာအစိုးနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တို့ ပူးပေါင်းပြီး အောက်တိုဘာလတွင် ကလေးအလုပ်သမား ကိစ္စနှင့် ပတ်သတ်၍ သဘောတူ စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရနှင့် ILO သဘောတူညီချက် ၁၈၂ ချက်တွင် ပါဝင်သည့် ကလေးအလုပ်သမား ပြဿနာ သဘောတူညီချက်ကို အတည်ပြု လက်မှတ်ရေးထိုးရန် ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ စာချုပ် ချုပ်ဆိုခြင်းအာဖြင့် နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ နိုင်ငံရပ်ခြားမှ ကလေးအလုပ်သမား ပြသာနာများ အပြင် တခြား ကလေးအလုပ်သမား ပြသာနာများကိုပါ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ILO ဆက်သွယ်ညှိနှိုင်းရေး အရာရှိ ရန်ကုန်ဌာနေ ကိုယ်စားလှယ် Steve Marshall က ဧရာဝတီသို့ ပြောသည်။

“ကလေး အလုပ်သမားတွေ အလုပ်ခွင်မှာ အချိန်ပြည့်နီးပါး အလုပ်လုပ်နေရတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နာကြင်မှု
ဖြစ်ပေါ်တာတွေ၊ နိုင်ငံတော်အစိုးရ ကတိပြုထားတဲ့အတိုင်း တရားမဝင် ကလေးအလုပ်သမား တွေကို ILOနဲ့ တခြား ကာကွယ်ပေးနိုင်တဲ့ စည်းမျဉ်း ဥပဒေအရ စဉ်းစားပေးသင့်တယ်။ ကလေးတွေကို လုပ်ငန်းကနေ ဆွဲထုတ်မှုနဲ့ ကလေးတွေကို ခိုင်းစေတဲ့ သူတွေကို အပြစ်ပေးရမယ်ဆိုတာ ပါဝင်ပါတယ်” ဟု Steve Marshall က ဆိုသည်။

မိသားစု စားဝတ်နေရေး အဆင်မပြေမှုများ၊ ပညာရေး မလိုက်နာနိုင်သည့် ကလေးများ၊ ဘ၀ ရပ်တည်မှုကြောင့် အလုပ် ရှားနေသည့် ကလေးများ အမျိုးမျိုး ရှိနေသည့်ကို အစိုးရ၊ ILO နှင့် တခြား အဖွဲ့အစည်းများ ပူးပေါင်းပြီး ပြဿနာကို ဖြေရှင်းပေးခြင်း အားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အဆောက်အအုံများ တိုးတက်ပြီး ဆင်းရဲမှုများ လျော့ကျသွားမည် ဖြစ်ကြောင်း၊လုပ်ငန်းခွင် ဝင်ရောက်နေသည့် ကလေးများ အခြေအနေ တိုးတက်စေရန် ထောက်ပံ့ပေးဖို့ လိုအပ်ကြောင်း ၎င်းက
ထပ်မံဆိုသည်။

ILO နှင့် မြန်မာအစိုးရတို့၏ ကလေးအလုပ်သမား သဘောတူညီချက် စာချုပ်နှင့် ပတ်သတ်ပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူမှုအဖွဲ့အစည်းမှ အလုပ်သမား အရေးကို ကူညီဆောင်ရွက် ပေးနေသည့် မသက်သက်အောင်က “ကလေး အလုပ်သမား လေးနှစ်ပပျောက်ရေး စာချုပ် ချုပ်မယ်လို့ ကြားပါတယ်။ ကလေး အလုပ်သမားဆိုတာ မိသားစု စားဝတ်နေရေး အဆင်မပြေမှုကြောင့် ဖြစ်လာတယ် ဆိုတော့ သူတို့ မိသားစုတွေ ပြေလည်နိုင်အောင် လုပ်မယ်ဆိုရင် အဆင်ပြေမှာပါ။ သူတို့ မိသားစု စားဝတ်နေရေး အဆင်မပြေမှုတွေကို လုပ်မပေးဘဲ ကလေးတွေကို အလုပ်ကနေ ထုတ်မယ်ဆိုရင်တော့ မကောင်းတဲ့ နေရာတွေ ရောက်သွားနိုင်ပါတယ်” ဟု ဧရာဝတီသို့ပြောသည်။

အစိုးရနှင့် ILO ပူးပေါင်းကာ ကလေးအလုပ်သမား များ၏ မိသားစုဝင်များကို အသေးစား အလုပ်အကိုင် လုပ်ဆောင်နိုင်ရန် စီမံ ဆောင်ရွက်ပေးပြီး ကလေးများအတွက် ရှေရှည် ရပ်တည်ရေးအတွက် အသက်မွေး ဝမ်းကျောင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးစေချင်ကြောင်း၊ သို့မှသာ ကလေးငယ်များ၏ ပညာရေး၊ အသိဉာဏ် ဖွံ့ဖြိုးလာစေရန် ကျောင်းတက်နိုင်ရေးအတွက် ပြုလုပ် ပေးသင့်ကြောင်း၊ ကလေးငယ်များ လုပ်ငန်းခွင်တွင် အချိန်ကုန်ဆုံး မှုများကြောင့် တိုင်းပြည်ကိုပါ ထိခိုက်နိုင်ကြောင်း
မသက်သက်အောင်က ဆိုသည်။

“ကလေး အများစုက မိသားစု စားဝတ်နေရေး အတွက် အလုပ်လုပ်နေကြတာပါ။ အဲဒီမှာ ကလေးနဲ့ အလုပ်ရှင် ပြဿနာ တွေက အများကြီး ဖြစ်ကြတယ်။ အားလုံးက အလုပ်ရှင်တွေ ဘက်မှာပဲ ရှိတယ်။ ကလေးတွေကို ကာကွယ်ပေးဖို့ ဘယ်သူမှ မလုပ်ပေးကြဘူး။ ကလေး အလုပ်သမားနဲ့ ပတ်သတ်ပြီး သဘောတူ စာချုပ် ချုပ်မယ်ဆိုရင် ကလေးတွေကို ဘယ်လို ကာကွယ်ပေးမှာလဲ ဆိုတဲ့အချက် အလုပ်လုပ်နေတဲ့ ကလေးတွေ သိဖို့ အရေးကြီးပါတယ်” ဟု ဧရာဝတီတိုင်း ကျုံပျော် မြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးနှင့် ပတ်သတ်ပြီး လိုက်ပါဆောင်ရွက် ပေးနေသည့် ဦးမန်းတောင်စိန်က ပြောသည်။

ကလေး အလုပ်သမားများသည် အလုပ်ရှင်များ၏ ညဉ်းပမ်းနှိပ်စက်မှု နည်းမျိုးစုံ ခံနေရသော်လည်း တိုင်ကြားရန် အတွက် ခက်ခဲနေကြကြောင်း၊ အသိဉာဏ် မဖွံ့ဖြိုးမှုကြောင့် မည်သူ့ထံ တိုင်ကြားရမည်ကို မသိရှိကြောင်း၊ အလုပ်ရှင်နှင့် ကလေးများ အကြား ပြဿနာ တက်လျှင် ကလေးငယ်များသာ ခံစားနေရသဖြင့် စိတ်ဝေဒနာ ခံစားရပြီး အရာရာကို ကြောက်စိတ် ဖြစ်နေခဲ့ကြောင်း ဦးမန်းတောင်စိန်က ဆိုသည်။

ILO ၏ အဓိပ္ပာယ် သတ်မှတ်ချက်တွင် အသက် ၁၈ နှစ်အောက်အရွယ် အလုပ်လုပ်ပါက ကလေး အလုပ်သမား အဖြစ် သတ်မှတ်ပြီး ယင်း ကလေး အလုပ်သမားများသည် မိဘ၏ ခွင့်ပြုချက်ရရှိပြီး ၎င်းတို့၏ ကျောင်းချိန် ပြင်ပတွင် ပညာရေးကို မထိခိုက်စေဘဲ မိသားစုအတွက် အထောက်အပံ့ ရ၍သော်လည်းကောင်း၊ ကလေးအတွက် မုန့်ဖိုးရှာသည့် အနေဖြင့် သော်လည်းကောင်း အလုပ်လုပ်နိုင်ကြောင်း၊ သို့ရာတွင် ၎င်းတို့ အလုပ်လုပ်သည့် ပတ်ဝန်းကျင်သည် ကလေးများအတွက် ကျန်းမာရေး ထိခိုက်သည့် နေရာ၊ ကလေးအရွယ်နှင့် မတန်တရာ ခိုင်းစေသည့်နေရာ မဖြစ်သင့်ကြောင်း၊ထို့အပြင် ကြီးပြင်းလာသည့် အချိန်တွင် ပတ်ဝန်းကျင်အတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေသည့် စိတ်ဓာတ် ပျက်ပြားစေသော
အလုပ်မျိုးကို ကလေး အလုပ်သမားများအား မခိုင်းစေသင့်ကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကလည်း အသက် ၁၅ နှစ်အောက် ကလေး အလုပ်သမားများကို တနေ့ ၄ နာရီထက်ပို၍ အလုပ်မခိုင်းသင့်ကြောင်း၊ ခိုင်းစေမှုများ ပြုလုပ်ပါက ၁၉၅၁ ခုနှစ် အလုပ်သမား အက်ဥပဒေ အရ ပြဌာန်းထားခဲ့ပြီး ဖြစ်ကာ ဖောက်ဖျက်ပါက အလုပ်ရှင်အား ဒဏ်ငွေ ကျပ် ၅၀၀ နှင့် ထောင်ဒဏ် ပြစ်မှုများ ကျခံစေရမည်ဟု ပြောကြားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading