သတင်းတို

သူရဦးရွှေမန်းနှင့် ရခိုင်လူထု ကိုယ်စားလှယ်များ တွေ့ဆုံမည်

This article has been converted from Zawgyi One to Unicode

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းသည်  ရခိုင်ပြည်နယ် လူထု ကိုယ်စားလှယ်များနှင့် စက်တင်ဘာ ၂၉ ရက်နေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုခန်းမ (IBC)တွင် တွေ့ဆုံမည် ဖြစ်ပြီး ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ် ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လျှပ်စစ်ဓာတ်အားနှင့် သယ်ယူပို့ဆောင်ရေး၊ ရခိုင်ပြည်နယ် ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရခိုင်လူငယ်များ စွမ်းဆောင်ရည် မြင့်မားရေး ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ယနေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာ၏သတင်းဖော်ပြချက်အရ သိရှိရသည်။

Loading