သတင်းတို

မြန်မာနိုင်ငံတွင် ငလျင်များ လှုပ်ခတ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၂၂ ရက်နေ့ ၊ ညနေ ၄ နာရီ ခွဲ အချိန်က မန္တလေး မြေငလျင် စခန်းမှ အရှေ့တောင်ဘက် မိုင် ၃၀၀ အကွာ မြန်မာ-တရုတ်နယ်စပ်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင် တခု လှုပ်ခတ်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်က အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၇ အဆင့် ငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၊ ကုတ္တက် ကျေးရွာရှိ အညာသီဟတော ဘုရား ရင်ပြင်တော် ကွဲအက်ခဲ့ပြီး စေတီတော် တခြမ်းသည် ၄ လက်မခန့် နိမ့်ဆင်း သွားကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများ၏သတင်းဖော်ပြချက်အရ သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading