သတင်းတို
နိုင်ငံတဝန်း လစာပေးထားရသည့် အငြိမ်းစား ဝန်ထမ်းဦးရေ ၅ သိန်းကျော်ရှိ
This article has been converted from Zawgyi One to Unicode
အစိုးရက နိုင်ငံတဝန်း လစဉ် လစာပေးထားရသည့် အငြိမ်းစား ပင်စင်စား ဝန်ထမ်းဦးရေ ၅၁၀၈၆၀ ဦး ရှိပြီး ယင်း ဦးရေမှ ၃၁၉၂၁၂ ဦးသာ တိုးမြှင့်လစာ လာရောက် ထုတ်ယူကြောင်း၊ လစာမထုတ်ဘဲ ကျန်ရှိနေသည့် ပင်စင်စား ဝန်ထမ်းဦးရေ ၁၉၁၆၄၈ ဦး ရှိပြီး လစာလာရောက် ထုတ်ယူရန် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် နှိုးဆော်ထားသည်။