မိုးဟေကိုက သူခင်မင် ရင်းနှီးတဲ့ သတင်းသမားတွေကိုပဲ အင်တာဗျူး ဖြေပေးလေ့ ရှိတယ် ဆိုတာနဲ့ ပတ်သက်ပြီး စာနယ်ဇင်းတွေက အမြင် စောင်းမှာကို မကြောက်ဘူး၊ မစိုးရိမ်ဘူးလို့ ဟြေပါတယ်။
သူက ဂျာနယ်တစောင်မှာ အင်တာဗျူးတွေကို ခင်မင်ရင်းနှီးသူတွေကိုပဲ ပေးမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
“မိုးက ခင်မင်တဲ့သူတွေကိုပဲ အင်တာဗျူး ဖြေပါတယ်၊ မိုးကို အမြင်စောင်းမှာကိုလည်း မစိုးရိမ်ပါဘူးရှင့်။ ဘာလို့လဲဆိုတော့ မိုးမသိတဲ့ သူတွေဆိုရင် မိုးဓာတ်ပုံ ပေးစရာ အကြောင်းမရှိဘူး။ နောက်တခုက ကိုယ့်အကြောင်း မသိဘဲ လာဗျူးတဲ့သူတွေက ကိုယ့်စကား တလုံးနဲ့ သူရေးတာ၊ သူအထင်လွဲမှာ ဆိုတော့ အဲဒီ စကားတလုံးကြောင့် ပိုပြီးတော့ အထင်လွဲ ခံရမှာကို ပို ကြောက်တယ်။ အဲဒီတော့ ကိုယ့်စကားကို နည်းနိုင်သမျှ နည်းအောင် သိမ်းလိုက်တဲ့ သဘောပါပဲ” လို့ မိုးဟေကိုက ပြောပါတယ်။
သူနဲ့ ခင်မင်တဲ့ သူတွေ၊ သူ့ကိုမေးနေကျ သူတွေကတော့ အကြောင်းသိတွေဖြစ်လို့ အင်တာဗျူးပေးတဲ့ အကြောင်း၊ တချို့ သတင်းသမားတွေက သူ့ဇာတ်လမ်းကို မကြည့်ဘဲ၊ သူ့အကြောင်း မသိဘဲ မေးတတ်တာမျိုး ရှိလို့ အင်တာဗျူး မဖြေတာ ဖြစ်တဲ့ အကြောင်း မိုးဟေကို အပြောအရ သိရပါတယ်။
“အဲဒီလို လူမျိုးတွေက ကိုယ့်ကို မေးပြီး ဖြစ်သလို ဓာတ်ပုံနဲ့ တင်ရင် ပရိသတ်ကို စော်ကားသလို ပိုဖြစ်မှာ စိုးလို့ ကိုယ့်ဘာသာကိုယ် ထိန်းချုပ်လိုက်တဲ့ သဘောပါ။ အဲဒီအတွက် ပရိသတ်နဲ့ ထိတွေ့မှု နည်းသွားတယ် လို့လည်း မထင်ပါဘူးရှင့်။ ဘာလို့လဲ ဆိုတော့ မိုးက ဇာတ်ကားတွေလည်း ရိုက်နေတယ်၊ ကားတွေလည်း ထွက်နေတော့ တနည်းနည်း နဲ့တော့ ပရိသတ်နဲ့ ထိတွေ့နေတယ်လို့ ထင်ပါတယ်” လို့ သူက ဟြေပါတယ်။
မိုးဟေကိုက ဒီခေတ်မှာ မင်းသမီးတယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို စပ်စပ်စုစု လိုက်သိချင်တဲ့သူကို ပရိသတ်ထဲမှာ မတွေ့ဖူးသေးပါဘူး လို့လည်း ဟြေပါတယ်။ သူများ စိတ်ဝင်စားအောင် ကိုယ့်ကိုယ်ကိုယ် Profile လုပ်ပြီး တင်တာမျိုးလည်း မရှိပါဘူးလို့လည်း သူက ဆိုပါတယ်။
“အဲဒီအတွက်လည်း အချိန်မပေးနိုင်ပါဘူး။ မိုးရဲ့ Personal ကို စိတ်ဝင်စားတဲ့သူ ရှားပါတယ်။ အခုခေတ်က အရမ်း တိုးတက်ပြီးတော့ ပွင့်လင်းလာပြီရှင့်။ လူတယောက်ရဲ့ Personal ကို စိတ်ဝင်စားဖို့ထက် လူတယောက်ရဲ့ အနုပညာကို စိတ်ဝင်စားတာ များတယ်လို့ ထင်ပါတယ်။ ကိုယ့်ရဲ့ Personal ကို စပ်စပ်စုစု လိုက်မေးတဲ့ သူမျိုးတော့ မိုး မတွေ့ဖူးသေး ပါဘူးရှင့်၊ မိုးကို အားပေးနေတဲ့ ပရိသတ်တွေကို မိုးကျေးဇူးတင်ပါတယ်” လို့ မိုးဟေကိုက ဧရာဝတီကို ဟြေပါတယ်။
အခုလတ်တလောမှာ သရုပ်ဆောင် မိုးဟေကိုက ဒါရိုက်တာ နေသူရိန် ရိုက်ကူးတဲ့ ဗီဒီယို ဇာတ်ကား တကားမှာ ကင်ဆာ ရောဂါသည် မိန်းကလေးအဖြစ် ကိုယ့်ကိုယ်ကိုယ် သိထားပေမယ့် ဘဝကို အရှုံးမပေးဘဲ ပရဟိတ လုပ်ငန်းတွေ လုပ်ပြီး ဘဝကို ကုန်ဆုံးစေတဲ့ သူတယောက် အဖြစ် သရုပ်ဆောင် နေပါတယ်။
မိုးဟေကိုက အပြင်မှာတော့ ပရဟိတ အလုပ်တွေကို ကိုယ်တိုင် ဦးဆောင်ပြီး မလုပ်နိုင်ပေမယ့် လက်လှမ်း မီသလောက်တော့ တဘက်တလမ်းက လုပ်တယ်လို့ ဟြေပါတယ်။
“မိုးက ပရဟိတ အလုပ်တွေကို အပြင်မှာလည်း စိတ်ဝင်စားပါတယ်။ ပရဟိတ အလုပ်တွေကို ကိုယ်တိုင် မလုပ်နိုင်ရင်တောင် လက်လှမ်းမီသလောက် တဆင့်စကား တဆင့်နဲ့ တဘက်တလမ်းက ပါဝင်ခဲ့တာ ရှိပါတယ်။ မိုးကိုယ်တိုင် ရှေ့ထွက်ပြီး မလုပ်ပေမယ့် လက်လှမ်း မီသလောက် လုပ်တာလေးတွေတော့ ရှိပါတယ်” လို့ သူက ဆိုပါတယ်။
သီချင်းဆိုတာကို ဝါသနာပါပေမယ့် အချိန်မပေးနိုင်တာရယ်၊ သရုပ်ဆောင်ဘက်မှာ အားလျော့မှာ စိုးရိမ်တဲ့အတွက် ရယ်ကြောင့် လုပ်လက်စ အခွေကိုတောင် ရပ်ထားတယ်လို့ သိရပါတယ်။
“မိုးက သီချင်းဆိုတာကို ဝါသနာတော့ပါတယ်။ ဒါပေမယ့် သရုပ်ဆောင်ဘက်မှာ အချိန်ပေးနေရတဲ့ အတွက် အဲဒီဘက်မှာ တော်တော် လစ်ဟာနေတာပေါ့နော်။ သရုပ်ဆောင်ဘက်ကို ဝါသနာက ပိုပါတယ်ဆိုတော့ အဆိုဘက်က အားလျော့နေတဲ့ သဘောပေါ့။ လုပ်မယ်လို့ စဉ်းစားထားပြီး လုပ်လက်စ တန်းလန်းတောင် ဒီအတိုင်းပဲ ထားထားတာလေ။ မိုးက အသံ မကောင်းတဲ့ အတွက်ကြောင့် သီချင်းဆိုဖို့တောင် အားမရှိပါဘူး။ သူများ ဆိုတာတွေပဲ နားထောင်ဖြစ်ပါတယ်။ မိုးအစ်ကိုက အရင်ကတည်းက သီချင်းဆိုတာကို ဝါသနာပါတာပါ။ မိုးအစ်ကို အခွေထွက်ပေမယ့် မိုးကတော့ သီချင်းအခွေ လုပ်တဲ့ဘက်ကို မလှည့်နိုင်သေးပါဘူးရှင်” လို့ မိုးဟေကိုက ပြောပါတယ်။
မိုးဟေကိုက သီချင်းအေးအေး လေးတွေကို ပိုကြိုက်ပေမယ့် သီချင်းကို ခံစားချက်နဲ့ ပတ်သက်ပြီးတော့ နားမထောင်ဘူး၊ နားထောင်လို့ ကောင်းတာမှန်သမျှ နားထောင်တယ်လို့ ဆိုပါတယ်။
“သီချင်းစာသား အတိုင်းတော့ လိုက်ခံစားပေးတယ်။ ကိုယ့် ခံစားချက်အတိုင်းတော့ လိုက်နားမထောင်ပါဘူး။ အဆိုတော်ဆိုတဲ့ သီချင်းနဲ့ ခံစားချက် စာသားအတိုင်းပဲ နားထောင်လိုက်တာပဲ ရှိပါတယ်” လို့ သူက ဆက်ဟြေပါတယ်။
မိုးဟေကိုက အသည်းကွဲ သီချင်းတွေ နားထောင်ပြီး အသဲကွဲနေဖို့ အချိန်အကုန် မခံဘူးလို့လည်း သူ့ရဲ့ ခံစားချက်ကို ဟြေပြပါတယ်။
“အသည်းကွဲ သီချင်းတွေက ဟိုးအရင် ခေတ်အဆက်ဆက် ကတည်းက ရှိတာပါ။ အသည်းကွဲ သီချင်းတွေမှာ ပရိသတ်ရဲ့ ခံစားမှုနဲ့ တိုက်ဆိုင်ရင် သီချင်းတပုဒ် ကတော့ ပေါက်သွားတာပေါ့နော်။ မိုးကတော့ အဲဒီလို အသည်းကွဲ သီချင်းတွေ နားထောင်ပြီး အသဲကွဲတာမျိုး မဖြစ်ဖူးဘူး။ အဲဒီလိုမျိုး အချိန်မကုန်ဘူးရှင့်” လို့ သူ့ယူဆချက်ကို ရှင်းပြပါတယ်။