သတင်း

တိုက်ပွဲများကြောင့် နိုင်ငံတဝန်း အပစ်ရပ်ရေး ထိခိုက်နိုင်ဟု ရှမ်းတပ်ဖွဲ့ ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အစိုးရ တပ်မတော်နှင့် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တချို့တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား နေသောကြောင့် အောက်တိုဘာလတွင် အစိုးရ ဦးဆောင်ပြုလုပ်မည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း တိုင်းရင်းသား အဖွဲ့များက ပြောသည်။

ရှမ်းပြည်နယ် နမ္မတူမြို့နယ် တဝိုက်တွင် ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ အစိုးရ တပ်မတော် ခြေ မြန်တပ်ရင်း (ခမရ ) ၅၀၃၊ ခလရ ၆၈ စစ်ကြောင်းများနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့ အကြား အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူ တချို့ရှိကြောင်း SSA မြောက်ပိုင်း ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလှ က ဧရာဝတီ ကို ပြောသည်။

၎င်းက“ဒီတလထဲမှာ ၁၀ ကြိမ်ကျော်ပါပြီ၊ အစိုးရတပ်က နယ်မြေကျွံလာတယ်၊ သူတို့ဘက်က ရိုးရိုးသားသား လုပ်ဆောင် မယ်ဆိုရင် တိုက်ပွဲတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး၊ ဒီလိုမျိုး တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမယ့် ကိစ္စ စဉ်းစားစရာတွေ ဖြစ်လာတယ်”ဟု ဆိုသည်။

အစိုးရ နှင့် SSPP/SSA တို့အကြား အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီ လက်မှတ်ရေးထိုးမှုကို ပြီးခဲ့သည့်နှစ် အ တွင်း လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် တိုက်ပွဲပေါင်း ၁၀၀ ကျော်ပြီ ဖြစ်ကြောင်း၊ နယ်မြေရှင်းလင်းရေး သို့မဟုတ် အ ကြောင်းအမျိုးမျိုး ပြကာ ၎င်းတို့ နယ်မြေထဲသို့ ရောက်ရှိလာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားရကြောင်း၊ ၎င်းတို့ အနေဖြင့် မည်သည့် တိုက်ပွဲတွင်မှ စတင်တိုက်ခိုက်မှု မရှိခဲ့ဘဲ အစိုးရ တပ်က တိုက်ခိုက်၍ ပြန်လည် တိုက်ရကြောင်းလည်း ဗိုလ်မှူး စိုင်းလှက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်တိုက်ပွဲများ ဖြစ်ပွားနေရခြင်းသည် ပြည်သူများထံမှ ဆက်ကြေးကောက်သည့် အ တွက် ပြည်သူကို ကာကွယ်ပေးသည့်အနေဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အစိုးရ တပ်မတော်ဘက်လည်း မကြာသေးခင် က တုံ့ပြန် ပြောဆိုခဲ့သည်။

ထို့အတူ ကွတ်ခိုင်မြို့နယ်တွင်လည်း ပလောင်(တအာင်း) လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂ နှင့် အစိုးရ တပ် ခလရ ၄၅၊ ၁၂၃၊ ၁၄၅ စစ်ကြောင်းတို့နှင့် ယခုလ ၁၇ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဘက် စလုံးတွင် အကျအဆုံး ရှိကြောင်း TNLA ၏ ပြန် ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

“အစိုးရတပ်က စစ်ကြောင်း ၃ ခု နဲ့ ပူးပေါင်း လိုက်လံ စစ်ဆင်ရေးလုပ် တိုက်ခိုက်တာပါ”ဟု ပြန်ကြားရေး ဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ TNLA သည် အစိုးရ နှင့်အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုး ရသေးသည့် အဖွဲ့တခုလည်း ဖြစ်သည်

တိုက်ပွဲများ ဖြစ်ပွားနေရခြင်းသည် တပ်နေရာချထားရေး ကိစ္စကို စနစ်တကျ လုပ်ဆောင်နိုင်မှု မရှိသေးသည့် အတွက် ကြောင့် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် တပ်များက ဆိုသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမည်ဟု ဆိုသော်လည်း တပ်နေရာချထားရေး အဆင်မပြေပါက လက်မှတ်ရေးထိုးမှု အောင်မြင်နိုင်မည် မဟုတ်ကြောင်း၊ တပ်နေရာ စနစ်တကျ မရှိပါက တိုက်ပွဲများ ပြန်ဖြစ်လာမည်ဟု တိုင်းရင်းသား အဖွဲ့များ က ပြောဆိုနေကြသည်။

“တဖွဲ့ချင်းစီ လက်မှတ်ထိုး ထားတာတောင် အာမခံချက် မရှိလို့ ခဏခဏ တိုက်ပွဲတွေဖြစ်နေကြတာဆိုတော့ တနိုင်ငံလုံး အလုံးစုံ အပစ်အခတ်ရပ်မယ့် ကိစ္စက မလွယ်ဘူး၊ တိုက်ပွဲတွေဖြစ်နေရင် နှစ်ဘက် စလုံးအတွက် ဆိုးကျိုးတွေပဲရစေတယ်”ဟု ဗိုလ်မှူး စိုင်းလှ က ဆိုသည်။

လက်ရှိတွင် တိုက်ပွဲတချို့ရှိနေသည့်တိုင် အောက်တိုဘာလကုန်တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း၊ ထိုလက်မှတ်ရေးထိုးပွဲ၌ နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတများ၊ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်တို့ပါ လက်မှတ်ရေးထိုးမည်ဖြစ်ပြီး နိုင်ငံတကာမှ အသိသက်သေများကိုလည်း ဖိတ်ကြားမည် ဖြစ်ကြောင်း သိရ သည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့တွင် ၁၀ ဖွဲ့ ဝန်းကျင်နှင့်အောက်တိုဘာလ အတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် မူအားဖြင့် သဘောတူထားကြောင်း၊ လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်နိုင်ရန် ဆွေးနွေး သွားမည်ဟုလည်း အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် သမ္မတ ရုံး ဝန်ကြီး ဦးအောင်မင်းက ပြီးခဲ့သည့် ရက်ပိုင်း က ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ သတင်းထောက်များကို ပြောဆိုခဲ့သေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading