• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စတင်တော့မည့် သီလဝါစီမံကိန်း မြေယာလျော်ကြေး ကိစ္စ မပြေလည်သေး

by စနေလင်း
25 September 2013
in သတင်း
A A
သီလဝါ, စီမံကိန်း, သန်လျင်, မြေယာလျော်ကြေး, လယ်သမား

သန်လျင် အလွမ်းဆွတ်ကျေးရွာရှိ သီလဝါ စက်မှုဇုန် စီမံကိန်း နယ်မြေ (ဓာတ်ပုံ – ဧရာဝတီ)

1.7k
VIEWS
Share on FacebookShare on Twitter

သန်လျင်မြို့နယ် သီလဝါ စီမံကိန်းကို အောက်တိုဘာလတွင် စတင်မည်ဟု အစိုးရဘက်က ကြေညာထားသော်လည်း မြေယာ လျော်ကြေး ကိစ္စများကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့က စီမံကိန်း တာဝန်ရှိသူများနှင့် ဒေသခံများ ညှိနှိုင်း ဆွေးနွေးခဲ့ကြသော်လည်း ဒေသခံများ တောင်းဆိုသော အချက်များကို အဖြေ မပေးနိုင်သေးကြောင်း၊ အစိုးရပိုင်းမှ လျော်ကြေးသည် လယ်ယာ လုပ်ကိုင်နေကြသော မူရင်းဒေသခံ လယ်သမားများအတွက် အလွန်နည်းပါးနေကြောင်း ဒေသခံများ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးအေးဌေးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

15 July 2025
34
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
712
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
598

“သူတို့ပေးတာက တကယ့်မူရင်း လယ်သမားတွေ အတွက် လုံးဝကို မမျှတဘူး။ နောက်တိုး ကျူးကျော် နေထိုင်ကြတဲ့သူတွေ ကတော့ လက်ခံမှာပေါ့။ သူတို့အတွက်က များတောင် များနေတယ်။ ကျနော်တို့ကတော့ ညှိနှိုင်းတဲ့အခါမှာ နိုင်ငံတကာ စံနှုန်းလို့ ပြောနေတာကို လက်တွေ့ လုပ်စေချင်တယ်။ အခုလို ဖြစ်နေတာကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ JICA ကိုလည်း အကြောင်းကြားမယ်၊ တောင်းဆိုတာ မရရင်တော့ လုံး၀ ဖယ်ပေးမှာ မဟုတ်ဘူး” ဟု ၎င်းက
ဆိုသည်။

အစိုးရပိုင်းမှ လျော်ကြေးအဖြစ် အိမ်တလုံးအတွက် ကျပ် ၂၅ သိန်းနှင့် သန်လျင်မြို့ အစွန်ဘက် မြိုင်သာယာ ရပ်ကွက်တွင် ပေ ၂၀ – ၄၀ မြေတကွက်၊ လယ်အတွက် မြေယာလျော်ကြေးမပေးဘဲ သီးနှံလျော်ကြေးအဖြစ် စပါး တင်း ၅၀ အထွက်နှုန်းဖြင့် သတ်မှတ်ကာ တဧက အတွက် ကျပ် ၂ သိန်းခွဲနှုန်းဖြင့် ၅ နှစ်စာ လျော်ကြေးပေးမည်ဖြစ်ကြောင်း၊ ထိုနှုန်းထားများသည်
ဒေသခံ လယ်သမားများအတွက် ဘဝအာမခံချက် ရှိစေသော နှုန်းထားများ လုံးဝမဟုတ်ကြောင်း လယ်သမားကိုယ် စားလှယ် တဦးဖြစ်သည့် ဦးမြလှိုင်က ဧရာဝတီသို့ ပြောသည်။

သီလဝါ စီမံကိန်းကြောင့် ဖယ်ရှားလိုက်ရသော ဒေသခံများ အလုပ်အကိုင် ရရှိရေးအတွက် စီမံကိန်း နယ်မြေနှင့် နီးစပ်နေ သော မြေလွတ်များတွင် ပြန်လည် နေရာချထားပေးရန် တင်ပြ တောင်းဆိုသော်လည်း ထိုနေရာများသည် အစိုးရအရာရှိများ၊ ပင်စင်စားများ အတွက် ခွဲဝေပေးထားပြီး ဖြစ်သောကြောင့် နေရာလွတ်မရှိကြောင်း ဒေသခံများနှင့် လာရောက်ညှိနှိုင်းသည့်
ကိုယ်စားလှယ်များက ပြောဆိုခဲ့သည်ဟု သိရသည်။

“စီမံကိန်းရဲ့ အကျိုးခံစားခွင့်က ဒေသခံတွေမှာ လုံးဝမရှိသလိုပဲ။ ဒေသခံတွေကို ပေးတဲ့နေရာက စီမံကိန်းနဲ့ အဝေးကြီးပါ။ ကျနော်တို့က သီလဝါစီမံကိန်းနဲ့ နီးတဲ့နေရာတွေမှာပဲ ပြန် နေရာချထားပေး စေချင်တယ်။ မြေကွက် အစားပေးတာလည်း အရမ်းကို နည်းတယ်။ အဓိက တောင်းဆိုချင်တာက လယ်မြေတွေအတွက် မြေယာလျော်ကြေးပဲ ဖြစ်ဖြစ်၊ မြေအစားပဲ ဖြစ်ဖြစ်
လိုချင်တယ်။ လာညှိကြတဲ့ သူတွေက ဒါပဲပေးမယ်၊ ဒီပုံစံအတိုင်းပဲ ဇွတ်လုပ်မယ့် ပုံစံမျိုး လာပြောနေကြတာ။ ကျနော် တို့ကတော့ ဒီပုံစံမျိုးကို လုံးဝလက်မခံဘူး” ဟု ဦးမြလှိုင်က ဆိုသည်။

ထို့အပြင် ပထမဆုံး စတင်မည့် ဟတ်တာ ၄၀၀ စီမံကိန်းတွင် မူရင်းဒေသခံ လယ်သမား ၁၈ ဦးသာ ပါဝင်ပြီး နောက်တိုး ကျူးကျော် နေထိုင်ကြသူများ ရှိနေကြောင်း၊ သီလဝါ စီမံကိန်းတွင် မြေယာသိမ်းဆည်းမှု ဥပဒေ ပုဒ်မ လန – ၃၉ မကျသေး သည့် နေရာများလည်း ရှိနေသေးကြောင်း၊ သီတာမြိုင် ရွာတွင် ဧက ၈၅၀၊ အေးမြသီတာ (ဖလမ်း) ရွာတွင် ၁၈၃၂ ဧက၊ ရွှေ ပြည်သာယာ (သီလဝါ) ရွာတွင် ၁၃၂ ဧက ရှိကြောင်း သိရသည်။

သီလဝါစီမံကိန်းကို ပွင့်လင်းရာသီတွင် စတင်တော့မည် ဖြစ်သောကြောင့် ဒေသခံ ခေါင်းဆောင်များနှင့် အစိုးရပိုင်းမှ ပြန်လည် နေရာချထားရေး အဖွဲ့ ဖွဲ့စည်းပြီး ရုံးခန်းဖွင့်လှစ် ညှိနှိုင်းလျှက် ရှိကြောင်း၊ ၁၀ ရက်လောက်အတွင်း အပြီးသတ် ညှိနှိုင်းနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ညှိနှိုင်းရေး အဖွဲ့မှ ပြန်လည်တင်ပြမှုများ မရရှိသေးသည့် အတွက် တိတိကျကျ ပြောနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ အလုပ်သမားဝန်ကြီး ဦးစိုးမင်းက ဧရာဝတီသို့ ပြောသည်။

ဒေသခံများအနေဖြင့်လည်း တဘက်သတ် တောင်းဆိုမှုများ မပြုလုပ်ဘဲ ညှိနှိုင်း ဖြေရှင်းမှုကို နားလည် သဘောပေါက်စေချင် ကြောင်း၊ ၎င်းတို့ နေထိုင်လျှက်ရှိသော မြေနေရာများသည် နိုင်ငံတော်၏ စီမံကိန်းနယ်မြေ ဖြစ်ခဲ့ပြီးကြောင်းကို သတိပြုရမည် ဖြစ်ကြောင်း၊ စာချုပ် စာတမ်းနှင့်တကွ ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့လျှင် တမျိုးတမည် စဉ်းစားရမည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်ကတည်းက သတိပေးစာတွေ အိမ်တိုင်းမှာ ကပ်ထားပြီးသားပါ။ ဒါပေမယ့် ကြားချပြီးတော့ ညှိနှိုင်းလိုက်ပါဦး၊ သူတို့ မှာလည်း ဆန္ဒလေးတွေ ရှိမှာပဲဆိုပြီး ညှိပေးနေတာပါ။ ဒီနေရာတွေက ဟိုဘက် အစိုးရလက်ထက် ကတည်းက နိုင်ငံတော်ရဲ့ စီမံကိန်းကြီးပဲ။ သာမန် စီမံကိန်းတောင်မဟုတ်ဘဲ အထူးစီးပွားရေးဇုန် နေရာ။ အခုက တိုင်းဒေသကြီး အစိုးရအနေနဲ့ ဝင်ရောက် ကူညီပေးနေတာ။ သူတို့လိုချင်တဲ့ ဆန္ဒမရရင် မဖြစ်ဘူးဆိုတာတော့ ဘယ်ဟုတ်ပါ့မလဲ။

ကျနော် သူတို့နဲ့ တွေ့တုန်းကလည်း လောဘမဖြစ်ကြပါနဲ့၊ လောဘဖြစ်လာရင် အမှားတွေ့တတ်တယ်လို့ ပြောဖူးပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

Your Thoughts …
Tags: Dawei Project
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

တာဆန်း ရေးအားလျှပ်စစ် စီမံကိန်း ပွင့်လင်းမြင်သာမှု မရှိ

တာဆန်း ရေးအားလျှပ်စစ် စီမံကိန်း ပွင့်လင်းမြင်သာမှု မရှိ

by ခင်ဦးသာ
1 March 2013
4.8k

“စီမံကိန်း ၆ ခု လုပ်မယ်ဆိုတဲ့ အထဲမှာ တာဆန်းနဲ့ ၁၅ ကီလိုမီတာ လောက်ပဲ ဝေးတဲ့ နေရာမှာ တာဆန်းနဲ့ ပုံစံတူ အသစ် တခု တည်ဆောက်မယ့် စီမံကိန်းတခု ပါနေတယ်၊ ဒီတော့ ရှိပြီးသား...

မြန်မာ့ ရေနက်ဆိပ်ကမ်း တရုတ်ကို ထိုင်း မယှဉ်နိုင်

မြန်မာ့ ရေနက်ဆိပ်ကမ်း တရုတ်ကို ထိုင်း မယှဉ်နိုင်

by ဝီလျံဘွတ်
20 March 2013
16.3k

ထားဝယ်တွင် ရေနက်ဆိပ်ကမ်း ဆောက်လိုသည့် ထိုင်းနိုင်ငံ၏ စိတ်ကူးမှာ ပျက်ပြယ်မည့် အခြေအနေနှင့် တွေ့ကြုံနေရသည်။ ဂျပန်လူမျိုး ရင်းနှီး မြှုပ်နှံသူများက စိတ်ဝင်စားမှု နည်းပါးခြင်း၊ မြန်မာနှင့် တရုတ်နိုင်ငံများက ရင်းနှီး မြှုပ်နှံမှုများသာ ပိုမိုပြုလုပ်လာခြင်းကြောင့် ဖြစ်သည်။

ထားဝယ် စီမံကိန်း မြေသိမ်းမှု Max Myanmar ပတ်သက်နေ

by သန်းထိုက်ဦး
8 June 2012
5.2k

“ရွာသားတွေဆီမှာ အခုဈေးနဲ့ မရောင်းရင် အသိမ်းခံရမှာတို့၊ နိုင်ငံတော် စီမံကိန်း ဘာအန္တရာယ်ရှိတယ် ဆိုတာမျိုး ခြိမ်းခြောက်ပြီးတော့ အသက်သာဆုံး ဈေးနဲ့ လိုက်ဝယ်နေ ကြတယ်”

မြစ်ဆုံစီမံကိန်း ရင်းနှီးငွေ ၆၀ ရာခိုင်နှုန်း ကြိုပေးထားဟု CPI ဆို

မြစ်ဆုံစီမံကိန်း ရင်းနှီးငွေ ၆၀ ရာခိုင်နှုန်း ကြိုပေးထားဟု CPI ဆို

by မေခ
3 September 2013
6.5k

အနိမ့်ဆုံး အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရှိကြောင်းလည်း ပြောဆိုသည့်အတွက် ယခုမှ အများက ပထမဆုံးအကြိမ် သိရှိခွင့်ရခဲ့သော ဒေါ်လာသန်းနှင့်ချီရှိမည့်ငွေများမှာ မည်သူသို့ မည်သို့လွှဲပေးပြီး မည်သည့်နေရာတွင် သုံးစွဲခဲ့ကြောင်း မေးခွန်းများဖြစ်ပေါ်လာစေသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း

ထားဝယ် ရေနက်ဆိပ်ကမ်း မြို့ပြစီမံကိန်း လယ်ယာမြေ ပြဿနာ ပြေလည်မှု မရသေး

by နန်းဆိုင်နွမ်
19 December 2014
1.7k

ထားဝယ် ရေနက်ဆိပ်ကမ်း မြို့ပြစီမံကိန်း နယ်မြေ အကောင်အထည်ဖော်ရန် အတွက် လယ်ဧက ၃၀၀ ကျော်ကို အစိုးရက သိမ်း ဆည်းထားသည်မှာ ၂ နှစ်ကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း လယ်မြေ သိမ်းဆည်းခံ လယ်သမားများ ပြေလည်မှု...

ထားဝယ်, စီးပွားရေးဇုန်, မောင်းမကန်, Italian-Thai Development (ITD), ထိုင်း-မြန်မာ, နယ်စပ်,

စီးပွားရေး အခွင့်အလမ်းတွေနဲ့ ထားဝယ်

by ဆိုင်မွန်လူးဝစ်
24 April 2015
2k

မကြာသေးခင်ကမှ ထားဝယ်ကနေ ဘန်ကောက် ကားလမ်း ဖွင့်လှစ်လိုက်ကြောင့် ကုန်းလမ်း ခရီးနဲ့ဆို တရက်အတွင်း သွားရောက်နိုင်ပါပြီ။ ဒါကြောင့် ဒီနေရာကို ဗီဇာ စောင့်နေသူတွေ တထောက်နားတဲ့ နေရာ အဖြစ်လည်း ပြုလုပ်နိုင်ပါတယ်။

Next Post

၆ နှစ် ပြည့်ပြီ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနား ကျင်းပမည်

No Result
View All Result

Recommended

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

1 day ago
4.3k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate