သတင်း

လျှပ်စစ် စွမ်းအင်အတွက် ကမ္ဘာ့ဘဏ် ဒေါ်လာ သန်း ၁၄၀ ချေးမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား လျှပ်စစ် စွမ်းအင်ကဏ္ဍ ပိုမိုအားကောင်းစေရေး အတွက် အတိုးမဲ့ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၄၀ ကို ချေးငှားရန် အင်္ဂါနေ့က အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်သို့ ဒေါ်လာ သန်း ၄၄၀ ကျော်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်သို့ ဒေါ်လာ ၅၁၂ သန်း ပေးရန် ရှိခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဆိုသည်။

အဆိုပါကြွေးမြီများအား ဂျပန်နိုင်ငံက ပေါင်းကူးချေးငွေဖြင့် ကြားဝင်ပေးဆပ်ခဲ့၍ ကြွေးမြီကင်းရှင်းသည့် နိုင်ငံတခုဖြစ်လာ ပြီး ယခုကဲ့သို့ ကြွေးမြီ အသစ် ချေးယူခွင့် ရခြင်းလည်း ဖြစ်သည်။

ယခု ရရှိသည့် ဒေါ်လာ သန်း ၁၄၀ အား မွန်ပြည်နယ် အရှေ့ပိုင်း သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ်တာဘိုင် စက်ရုံအတွက် အသုံးပြုရန် ပါဝင်ကြောင်း၊ အဆိုပါစက်ရုံက ၁၀၆ မီဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ထိုပမာဏသည် နိုင်ငံ၏ လျှပ်စစ် လိုအပ်မှု ၅ ရာခိုင်နှုန်းဖြစ်ပြီး မွန်ပြည်နယ်၏ လိုအပ်သည့် ပမာဏ ထက်ဝက်ခန့် ရှိကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

မြန်မာ့ ပြုပြင်ပြောင်းလဲရေး နောက်ဆက်တွဲအနေဖြင့် ပွင့်လင်းလာသည့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လိုအပ် လျက်ရှိရာ လျှပ်စစ်မီး ပြဿနာသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူများအတွက် စိုးရိမ်စရာ ကဏ္ဍတခုလည်း ဖြစ်နေသည်။

ယနေ့အချိန်ထိ ရန်ကုန်နှင့် မြို့ကြီးတချို့အပါအဝင် လျှပ်စစ်မီး မလုံလောက်မှုများရှိနေရာ ယမန်နှစ်ကလည်း ၂၄ နာရီ လှျှပ် စစ်မီး ရရှိရေး တောင်းဆို ဆန္ဒပြပွဲများ နေရာအနှံ့ ဖြစ်ပွားခဲ့သည်။ ထိုစဉ်က အစိုးရက လျှပ်စစ်ဓာတ်အား ပိုမို ထုတ်လုပ် ဖြန့်ချိသွားရန် ကြေညာခဲ့သည်။

တနိုင်ငံလုံး လျှပ်စစ်ပမာဏ၏ ၃ ပုံ ၁ ပုံသည် သဘာ၀ ဓာတ်ငွေ့မှ ထုတ်လုပ်ရရှိကာ မီဂါဝပ် ၃၅၀၀ ရှိသည်။ သို့သော် မြန်မာနိုင်ငံ ၏ သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများသည် နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်နေပြီး နည်းပညာအရ၊ စက်ရုံသက်တမ်းအရ ဟောင်းနွမ်းနေပြီဖြစ်သည်ဟုလည်း ရိုက်တာ သတင်းက ဆိုသည်။

လူဦးရေ သန်း ၆၀ ဝန်းကျင်ရှိရာ နေအိမ်မိသားစုအားလုံး၏ ၂၉ ရာခိုင်နှုန်းသာ လျှပ်စစ်မီး သုံးစွဲ နိုင်ကြသည့်အတွက် မြန်မာ နိုင်ငံ သည် ကမ္ဘာပေါ်တွင် လျှပ်စစ်မီးဖြန့်ဖြူးမှု အနိမ့်ဆုံးအဆင့် စာရင်းဝင် ဖြစ်နေသေးသည်။

“မြန်မာ့ အသွင်ကူးပြောင်းရေးမှာ ဆင်းရဲမှု တိုက်ဖျက်ရေးအတွက် ကြီးကြီးမားမား လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ လျှပ် စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ချိမှု ပိုလုပ်ပေးနိုင်ရင်တော့ အလုပ်အကိုင်တွေလည်း ဖန်တီးပေးနိုင်လာမှာ ဖြစ်သလို လူမှု ဘဝတွေလည်း တိုးတက်လာမယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ မန်နေဂျာ Kanthan Shankar က ကြေညာချက်တွင် ပြောဆို ထားသည်။

ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ဘဏ်အနေဖြင့် ကျေးလက်ဒေသများကို ပိုပြီး စွမ်းအင်ဆိုင်ရာ ရန်ပုံငွေ အထောက် အပံ့များ ပေးလိုကြောင်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒု ဥက္ကဋ္ဌ ကလည်း ပြောသည်။

စစ်အုပ်ချုပ်ရေးအောက် ဆယ်စုနှစ်များစွာ အထီးကျန်နေခဲ့ရသည့်အတွက် သယံဇာတ ပေါကြွယ်ဝသော်လည်း တိုင်းပြည် ဖွံ့ဖြိုးမှု နောက်ကျခဲ့သည့် မြန်မာနှင့် ကမ္ဘာ့ဘဏ် ထိတွေဆက်ဆံသည့် နောက်ထပ် ခြေလှမ်းတိုး ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည် ဟု ရိုက်တာ သတင်းတွင် ပါရှိသည်။

၂၀၁၁ ခုနှစ်က အရပ်သား အစိုးရ တက်လာသည့်နောက်ပိုင်း စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာပြီး နောက် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များနှင့်လည်း ထိတွေ့ ဆက်ဆံမှုများ၏ နောက်ဆက်တွဲ ရလဒ်လည်း ဖြစ်သည်။

သို့အတွက် ယခု လျှပ်စစ် စွမ်းအင်စက်ရုံ စီမံကိန်းအတွက် ၉ လအတွင်း ပြင်ဆင်ခဲ့ကြောင်း၊ အစိုးရကလည်း ပြုပြင်ပြောင်းလဲ ရေး ကို အရှိန်မပျက် ဆက်လက် လုပ်ဆောင်နေစဉ် တချို့စီမံကိန်းများသည် ၁၈ လမှ လပေါင်း ၂၀ အထိ ကြာမြင့်နိုင်ကြောင်း လည်း ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် ယခုထက်ပို၍ စီမံကိန်းများကို မြန်ဆန်စွာ အကောင်အထည် ဖော်သွားမည်ဖြစ်သကဲ့သို့ လူမှုဝန်းကျင် ထိ ခိုက်မှု၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု ဆိုင်ရာ လုံခြုံစိတ်ချရသည့် အခြေအနေများကိုလည်း ထိန်းသိမ်းဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်နှင့် မြန်မာနိုင်ငံတို့၏ ယခုကဲ့သို့ ဆက်ဆံမှုမျိုး ပြန်လည် ရရှိလာခြင်းမှာ ယခင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟောင်း မစ္စ ဟီလာရီ ကလင်တန်က အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သည်ဟုလည်း ဆိုသည်။

အမေရိကန်၏ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှား လျှော့ပေါ့ပေးပြီးနောက်တွင် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံအား အကူအညီပေးမှု လမ်းများ ပွင့်လင်းလာခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading