သတင်းတို

မြန်မာနှင့် မြောက်ကိုရီးယား လျှို့ဝှက်စစ်ရေး ဆက်ဆံမှုများ ရှိနေဆဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီးယားနှင့် လက်နက်ရောင်းဝယ်ခြင်း မပြုရန် အာဆီယံနိုင်ငံများက တိုက်တွန်းနေသည့် ကြားမှပင် မြန်မာနှင့် မြောက်ကိုရီးယားတို့ စစ်ရေးအရ သီးခြား လျှို့ဝှက်သည့် ဆက်ဆံမှုများ ရှိနေဆဲ ဖြစ်ကြောင်း စက်တင်ဘာ ၂၅ ရက်ရက်စွဲပါ NK News သတင်း တရပ်တွင် ဖော်ပြထားသည်။ မြောက်ကိုရီးယား သင်္ဘောများသည် တခြားနိုင်ငံ တခု၏ အလံ စိုက်ထူကာ မြန်မာ့ ရေပိုင်နက်ထဲ ဝင်ရောက်ခုတ်မောင်းကာ လျှို့ဝှက်လက်နက်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းက ဆိုသည်။ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေသည်ဟု ဆိုကာ အမေရိကန် – မြန်မာ ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးစားနေသည်ဟု ပြောဆိုနေရင်း တပြိုင်နက်တည်းတွင် မြောက်ကိုရီးယားနှင့်လည်း လျှို့ဝှက်ဆက်ဆံမှုများ ရှိနေဖြင်းဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ကလည်း မြန်မာနိုင်ငံ၏ လူ့အခွင့်ရေး ဆိုင်ရာနှင့် ပတ်သက်ပြီး တိုးတက်မှုများ ရှိနေသော်လည်း မြောက်ကိုရီးယားနှင့် တရားမဝင် စစ်လက်နက် ရောင်းဝယ်ခြင်းကို စောင့်ကြည့်လေ့လာနေဆဲ ဖြစ်ကြောင်း အာဆီယံ ခေါင်းဆောင်များအား ပြီးခဲ့သည့် သြဂုတ်လက ပြောကြားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading