Military

မြောက်ကိုရီးယား-မြန်မာ စစ်ရေး ဆက်ဆံနေဆဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီးယားနဲ့ မြန်မာ အကြား စစ်ရေးအရ ဆက်ဆံမှုများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း အမေရိကန် နိုင်ငံ ဝါရှင်တန် အခြေ စိုက် Nkသတင်းဌာန က ပြောဆို လိုက်ပါတယ်။

စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင်လာတဲ့ မြောက်ကိုရီးယား ကုန်တင် သင်္ဘောတွေဟာ မြန်မာ ရေပိုင်နက်ကို ဝင်ရောက်တဲ့ အခါ တခြားနိုင်ငံအလံ တင်ပြီး ပုံမှားရိုက်ကာ လျှိုဝှက် လက်နက်ရောင်းဝယ်ခြင်းတွေ ရှိတယ်လို့လည်း မြောက် ကိုရီးယား နဲ့ ပတ်သက်ပြီး စောင့်ကြည့် ရေးသားနေတဲ့ သတင်းဌာန Nk ရဲ့သတင်းမှာ ဖော်ပြထားတာပါ။

ပြုပြင်ပြောင်းလဲရေး လုပ်နေတယ် ဆိုပြီး အမေရိကန်–မြန်မာ ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးစားနေတာနဲ့ တပြိုင်နက် မြောက် ကိုရီး ယား နဲ့လည်း လျှို့ဝှက်ဆက်ဆံမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ သမ္မတ ဦးသိန်းစိန် က သူ့ရဲ့ ဗြိတိန်ခရီးစဉ်အတွင်း မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု ဖြတ်တောက် ထားတယ် လို့ တရားဝင် ပြောဆိုခဲ့ဖူးပါတယ်။

အခုလို မြောက်ကိုရီးယားနဲ့ မြန်မာ စစ်ရေးဆက်ဆံနေဆဲ ဆိုတဲ့ Nk သတင်းဌာန ရဲ့ ရေးသားချက်နဲ့ ပတ်သက်လို့ မြန်မာအစိုးရ ရဲ့ တုံ့ပြန်မှုကိုတော့ မတွေ့ရသေးပါဘူး။

အစိုးရ တာဝန်ရှိသူတွေကို ဧရာဝတီက မေးမြန်းဖို့ ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ကတော့ မြန်မာ့လူ့အခွင့်ရေး ဆိုင်ရာနဲ့ပတ်သက်ပြီး တိုးတက်မှုတွေ ရှိနေပေမယ့် လည်း မြောက်ကိုရီးယားနဲ့ တရားမဝင် စစ်လက်နက် ရောင်းဝယ်ခြင်းကို စောင့်ကြည့်လေ့လာနေဆဲပဲလို့ အာဆီယံ ခေါင်းဆောင် ကို ပြီးခဲ့တဲ့ လက ပြောကြားခဲ့ပါတယ်။

အဲဒီမတိုင်ခင်မှာလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ပိတ်ပင်ထားတဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယား ဆီက လက်နက် ဝယ်ယူတယ်လို့ စွပ်စွဲပြီး တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး အကြီးအကဲ ဒု ဗိုလ်ချုပ် ကြီး သိန်းဌေးကို အမေရိကန်က နာမည်ပျက် စာရင်း သွင်းလိုက်ပါသေးတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာဟာ ၁၉၈၃ ခုနှစ်က အာဇာနည်ဗိမ္မာန် ဗုံးဖောက်ခွဲမှုမှာ မြောက်ကိုရီးယား အစိုးရ လက်ချက်ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပြီး သံတမန် ဆက်သွယ်ရေး ပြတ်တောက်ခဲ့ရာက ၂၀၀၇ ခုနှစ်မှာ ပြန်လည် ဆက်သွယ်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်အစိုးရလက်ထက်မှာ မြောက်ကိုရီးယား ပညာရှင်တွေ အကူအညီနဲ့ မြန်မာပြည်အလယ်ပိုင်း နတ်မောက်မြို့အနီးမှာ နျူကလီး ယား သုတေသန အစီအစဉ်တွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အပြင် မြောက်ကိုရီးယား ကုန်သင်္ဘော Kang Nam 1 ၊ Bongwhasan သင်္ဘောတွေဟာ လောင်စာဆီ၊ စားနပ်ရိက္ခာ စတဲ့ အရေးပေါ်ဖြည့်တင်းမှုလုပ်တာ ဆိုတဲ့ အကြောင်းပြချက် မျိုးနဲ့ မြန်မာပြည်ကို ဆိုက်ကပ်ခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ အတွင်းက တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း(ယခု ပြည် သူ့ လွှတ်တော် ဥက္ကဌ)ဟာ တရုတ်နိုင်ငံကတဆင့် မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်း မြို့တော်ကို ၇ ရက်ကြာခရီး သွားရောက်ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာတချို့ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီ ခရီးစဉ်ကို လျှို့ဝှက် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading